ဒီမနက်ခင်းတော့ ကျတော် စောစောနိုးသည်...
အင်းးး တမင် စောစောထတယ်လို့ပဲ ပြောရမလား ဟက်ဟက်...စောစော ဆိုပေမယ့်လည်း အချိန်က၈နာရီကျော်ကျော်လောက်ရှိနေပါပြီ....
ခါတိုင်းဆို ၁၀ခွဲလောက်မှ အိပ်ယာ ထတတ်တဲ့ကျတော့်အတွက်တော့ ဒီအချိန်ကစောတာပေါ့.....ကိုရီးယားမှာ companyအလုပ်တွေလေ့လာဖို့ နေမယ်ဆိုတာကမားကိုပေးခဲ့တဲ့ကျတော့်ရဲ့
အကြောင်းပြချက်သက်သက်သာဖြစ်ပြီး..တကယ်တမ်း!
တော့ Companyအလုပ်တွေကိုuncleMinနဲ့ကသာ ဦးစီးဆောင်ရွတ်ပေးသည်...ကျတော်ကတော့လား အင်းး SeHunတို့နဲ့အပြင်ထွက်တယ် ဆိုင်ထိုင်တယ်...
တစ်ခါတစ်လေ၁ပတ်ကို၁ခါလောက်တော့clubတက်တယ်..ညဘက် အပြင်ထွက်တာမကြိုက်တဲ့ မား သိသွားတဲ့အခါ ကျတော် ကားသိမ်း ခံရမြဲ...
သိမ်းလည်း အလွန်ဆုံး၃,၄ရက်ပါပဲ....
အာ့လိုအချိန်တွေဆို ကျတော်က အိမ်မှာ လိမ်လိမ်မာမာနဲ့ခြေငြိမ် နေပြီး...
ဘီဘီတို့နဲ့ နေပေးပြီး သူတို့ကိုဂရုစိုက်ဖြစ်သည်...ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းကာ
ထမင်းစားခန်းထဲ ဝင်တော့ အိမ်အကူတွေက တအံ့တသြနှင့်ပင်...."အစောကြီးပဲ အစ်ကိုလေး...နေမကောင်းလို့လား..
Breakfastပြင်ပေးရတော့မလား...""ငါ့ကို coffeeတစ်ခွက်လောက် အရင်ဖျော်ပေး..."
"အစ်ကိုလေး နေမကောင်းရင်.."
"ဟာ..ငါနေမကောင်းဘူးပြောမိလား...
ဖျော်စရာရှိတဲ့ coffeeသာမြန်မြန်ဖျော်စမ်း...
စကားတွေများတယ်""ဟုတ်..ဟုတ်ကဲ့"
ကျတော်ပိတ်အော်လိုက်တော့ အလန့်တကြားနှင့်မီးဖိုခန်းထဲပြေးဝင်သွားသည်...
မအော်သင့်မှန်းသိပေမယ့်...
စိတ်မရှည်တတ်တဲ့ အကျင့်က ဒေါသထွက်လွယ်စေသည်
YOU ARE READING
ချစ်သည်. . .♡[|Completed|]
Fanfictionအဆုံးမရှိနိုင်သော အချစ်တို့ဖြင့် ကျွန်တော် သူ့ကို ချစ်သည်....