JunMyeonတစ်ယောက် အလုပ်ကိုနောက်ကျနေပြီမို့
အိမ်က ကပျာကယာ ထွက်ရတော့သည်...ဟို လူ့ဂွစွာ အိမ်ပေါက်ဝကနေ
ဆီးပြီးရန်တွေ့မှာကိုလည်းမြင်ယောင်မိသေး -_-Busကား မှတ်တိုင်ရောက်ဖို့ လမ်းကနည်းနည်းဝေးဝေးလျှောက်ရပေဦးမယ် ဟူးးးး
JunMyeonတို့ခြံလေးကနည်းနည်းမြင့်တဲ့ကုန်းမြင့်ပေါ်
ရှိတာမို့..ကုန်းဆင်းလေးကို သတိထား လျှောက်ဆင်းလာရသည်...သူ့မှာ ထမင်းချိုင့်ကတစ်ဖက် ဟိုလူယုတ်မာကြီး လျှော်ခိုင်းလိုက်တဲ့ Hoddieကြီး၂ထည်ကိုလည်း အိတ်တွေနဲ့ထည့်ကာ သယ်လာရသည်မို့ သူ့ပုံက အထုတ်တွေတစ်ဖက်စီနှင့် ကို့ယို့ကားယားပင်
နောက်ကျရတာလည်း အာ့လူကြီးကြောင့်...
တစ်ညလုံးလှမ်းထားတဲ့အာ့အင်္ကျီတွေကို မနက်ကျမှသေချာခြောက်အောင်dryerနဲ့မှုတ်ပေးရ မီးပူတိုက်ပေးရနှင့်...တော်တော်ကိုသောက်လုပ်ရှုတ်တယ်...
လူကိုသူ့ခိုင်းဖက်များထင်နေလားမသိဘူး...
အင်္ကျီလျှော်ခိုင်းလိုက်... ဟိုနေရာခေါ်သွားလိုက်ဒီနေရာခေါ်သွားလိုက်နဲ့>.<ခုတော့ သူ့မှာ... ခွေးထိန်းရုံသာမက
ခွေးများသခင် ကျန်းရီရှင်းကိုပါထိန်းနေရသည့်အဖြစ်....ခွေး၂ကောင်ကိုထိန်းရတာကအေးဆေး...
အာ့လူတစ်ယောက်ကိုထိန်းရတာ တော်တော်ကို အာရုံနောက်ရသည်...မလုပ်ချင်ပေမယ့်လည်းသူပြောတဲ့အတိုင်းမလုပ်ရင် အလုပ်ထုတ်မယ်ဆိုပြီးခြိမ်းခြောက်တော့လည်းမှိတ်ကြိတ်ကာသည်းခံနေရပေသည် .... ဟင့်..JunMyeonလေးရဲ့ sad life T-T
တွေးရင်းတောရင်းလမ်းလျှောက်လာတာ ခုထိ လမ်းကတစ်ဝက်မရောက်သေး...
ဘယ်နှနာရီ ရှိပြီလဲမသိဘူး...
လက်က အရောင်မှိန်နေပြီဖြစ်သော လက်က နာရီလေးကို
ကြည့်မိတော့... မျက်လုံးပြူးစွာ....
YOU ARE READING
ချစ်သည်. . .♡[|Completed|]
Fanfictionအဆုံးမရှိနိုင်သော အချစ်တို့ဖြင့် ကျွန်တော် သူ့ကို ချစ်သည်....