မသိဘူး။ တစ်ခါတစ်ခါ သူ့ကို သတိရလွန်းရင်
ရင်ဘတ်ထဲက စူးနေမိတာ ဘာကြောင့်လဲ ဆိုတာ မသိဘူး။မခံစားနိုင်ဘူး။ သူ့လက်တစ်ကမ်းအကွာမှာ ရှိနေနိုင်တဲ့ သူမတွေကို တွေးမိရုံနဲ့တောင် မခံစားနိုင်ဘူး။
ပျော်ရွင်မိတယ်။ သူလိုအပ်ချိန်တိုင်း သူ့ဘေးမှာ အားပေးထွေးပွေ့ပေးမယ့် သူ့ hyung တွေနဲ့ သူ့ကို မြင်လိုက်မိတိုင်း ပျော်ရွင်မိတယ်။
နှစ်သက်မိတယ်။ သူ့ရဲ့ သူ့အက ပေါ်မှာ အကောင်းဆုံးဖြစ်စေချင်တဲ့ (စိုးရိမ်ရအောင် အထိ ကြိုးစားလွန်းတဲ့) စိတ်ကလေးကို နှစ်သက်မိတယ်။
မြတ်နိုးမိတယ်။ သူ့ရဲ့ ကလေးဆန်ဆန် ငြင်းခုန်မှု (ငယ်လေးတို့ Yeol တို့နဲ့ဆို ဖြစ်နေကြ) ပစ္စည်းတွေ ပျောက်လောက်အောင်ထိ ပေါ့လျော့မှု (paper bag လေးတွေ သုံးရတဲ့အထိ) ဖက်ရှင်ကျကျ ဝတ်ဆင်တတ်မှု (ဖိနပ်ဆို ထိပ်ပိုင်းလေးပဲ ထိုးစီးတတ်ပုံမျိုးလေး) လေးတွေ မြတ်နိုးတယ်။
ဝမ်းနည်းမိတယ်။ သူ့ကို သတိရတိုင်း ph ထဲမှာပဲ ရှိခွင့်ရတဲ့ သူ့ပုံလေးတွေ ထုတ်ကြည့်မိတိုင်း သူနဲ့ မနီးစပ်ပဲ ပိုပိုပီးဝေးကွာနေတာကို ခံစားမိတိုင်း ဝမ်းနည်းမိတယ်။
တန်ဖိုးထားမိတယ်။ သူ့ နှုတ်ခမ်းထူထူက ထွက်ကျလာတဲ့ စကားလုံးတိုင်းကို တန်ဖိုးထားမိတယ်။
တကယ် မခံစားနိုင်လို့ပါ။ သူ့ကို ချစ်လို့ မဝသေးခင် သူ့ကို မမေ့နိုင်သေးခင် အထိ သူ့ကို လင်းလက်နေတဲ့ ကြယ်ကလေးအဖြစ် ကြာရှည်စွာ ငေးကြည့်နေခွင့်လေးတော့ ပေးသနားပါ။