ကော်ဖီ မသောက်တဲ့ ကျနော်က
ခင်ဗျားကော်ဖီကို မသောက်တတ်ဘူးဆိုတာ
သိတော့ ကြံဖန်ပီး ဂုဏ်ယူခဲ့သေးတယ်။သူငယ်ချင်းတွေကြား အသားညိုတယ် လို့
ပြောခံရတတ်တဲ့ ကျနော်က မန်းလေးသူမို့
လို့ ပြန်ပြောတတ်ပေမယ့်
အဖွဲ့ဝင်တွေကြား ခင်ဗျားအသားအရည်က
ဆွတ်ဆွတ်ဖြူ ပန်းရောင်မသန်းလို့ မဲတယ်လို့
ပြောကြတာကို သိတော့ ကျနော် ဝမ်းမြောက်စွာနဲ့ တူညီမှုလေးအဖြစ် သတ်မှတ်ခဲ့တယ်။ဆိုင်ကယ်မစီးတတ်လို့ အိမ်က အမတွေ ကျနော့်ကို အစီးသင်ဖို့ ပြောကြပေမယ့်
ခင်ဗျားလည်း မစီးတတ်ဘူးဆိုပီး မသင်ဘူး
ဘူးခံငြင်းခဲ့သေးတယ်။ (ခုတော့ ကျနော် စီးတတ်နေပါပီ။ မစီးတတ်လို့လည်း မရဘူးလေ။ ကျနော်တို့ မန်းလေးက ဆိုင်ကယ်စီးတတ်မှ)ခင်ဗျားနဲ့ ကျနော်နဲ့ရဲ့ တူညီတယ်လို့ ကျနော် သတ်မှတ်မိတာလေးတွေ အများကြီးထဲက အနည်းငယ်သော တိုက်ဆိုင်မှုလေးတွေပေါ့………
17.12.2017