အဓိပ္ပာယ်မရှိတာတွေ ကျနော်လုပ်နေမိတဲ့အခါ
ခေါင်းကို ခပ်ဖွဖွလေး ပုတ်ပီး ဆုံးမပေးမယ့်
ခင်ဗျားကို...အမှားတွေ လုပ်မိလို့ လဲကျနေတဲ့အခါ
ထ...ဒါတွေက အတွေ့အကြုံပဲ ဆိုပီး ဆွဲထူပေးမယ့်
ခင်ဗျားကို...အောင်မြင်မှုတွေကြား ကျနော် ရောက်ရှိနေတဲ့အခါ
ဒါမှ ကိုယ့်ကလေးလေး... ဆိုပီး ဂုဏ်ယူပေးမယ့်
ခင်ဗျားကို...အိမ်နဲ့ အဆင်မပြေတဲ့အခါ
အရွဲ့တိုက်မနေနဲ့နော် လိမ်မာပါတယ်... ဆိုပီး ချော့ပေးမယ့် ခင်ဗျားကို...ခင်ဗျားကို...
ခင်ဗျားကို...
ခင်ဗျားကို...
ကျနော့်ဆီ အရောက်ပို့ပေးရင် စုံတွဲ တစ်တွဲပေါ်လာမှာကို ဝမ်းသာသင့်တာပေါ့ ကျူးပစ်စုတ်ရယ်