ကျနော့်မွေးနေ့က ၅လပိုင်း ၁၂ ရက်နေ့...
မန်းလေးကို သူငယ်ချင်းတွေ ရောက်တုန်းရောက်ခိုက်မို့ တွေ့ရအောင် ချိန်းပြီး ပျော်ပျော်ပါးပါးမုန့်စားကြတယ်။ မုန့်စားပြီးတော့ window shopping ပေါ့။ New Ocean တစ်ခုလုံး ကျနော် အကြိုက်ဆုံး အဆိုတော် အဖွဲ့ဖြစ်တဲ့ Westlife သီချင်းတွေ ဖွင့်ထားတယ်ဗျာ။ ကျနော်တို့ ရောက်ကတည်းက သူတို့ သီချင်းတွေပဲ။ ၂ နာရီ နီးပါး လျှောက်ပတ်ကြည့်နေတုန်းလည်း သူတို့ သီချင်းပဲ။ ပျော်ရွှင်ပြီး selfie တွေ ဆွဲ။ သီချင်းလေး လိုက်ဆိုလိုက်နဲ့ပေါ့။ လိုင်းပေါ်က အသိကလေးတစ်ယောက်မှာတဲ့ စာအုပ်တွေ မရကြောင်း အကြောင်းကြားဖို့ ကျနော် လိုင်းဖွင့်လိုက်တယ်။ messenger မှာ ပြောပြီးတာတောင် အရစ်ရှည်တဲ့ ကျနော်က fb ထဲကို ဝင်ကြည့်လိုက်တယ်။
.
.
.
.ဘာလဲ။ ခင်ဗျား အခုချိန် ဘယ်လိုဖြစ်နေမလဲ။ Manila ပွဲမှာတောင် ခါးဒဏ်ရာကြောင့် ဖြစ်နေတဲ့ ခင်ဗျား အမူအရာတွေက ကျနော့်မျက်လုံးထဲက မထွက်သေးတာကို....
ခုက ဘာလဲ... ခင်ဗျားဆိုတဲ့ လူသား ကျနော်တို့ အတွက် ဖြစ်တည်လာအောင် သူ့ရဲ့ တိုက်တွန်းအားပေးမှု ၁၀၀ရာခိုင်နှုန်းပါဝင်ခဲ့တဲ့သူ.....
ခင်ဗျားရဲ့ အကြီးစားပရိတ်သတ်ပါလို့ ပြောပြီး ခင်ဗျားကို အားပေးခဲ့တဲ့သူ.....
မိသားစုထဲမှာ အငယ်ဆုံးဖြစ်သလို တစ်ဦးတည်းသောသားဖြစ်တဲ့ ခင်ဗျားအတွက် သူနဲ့ အနေဝေးနေလည်း စိတ်ချင်းမဝေးဘူးဆိုတာ ကျနော် သိထားတယ်။Stay Strong ပါ Baby
ခင်ဗျားလက်မလျော့လိုက်ပါနဲ့
အိမ်ထောင်တစ်စုရဲ့ သားယောက်ျားလေးတစ်ယောက်အနေနဲ့ ခင်ဗျားအရမ်းစိတ်မဖိစီးနေပါနဲ့။
ကျနော်တို့ ခင်ဗျားဘေးမှာ အမြဲရှိနေမယ်။နောက်ကျမှ သိခွင့်ရတဲ့ ကျနော့်ကို ကျနော် မုန်းလိုက်တာ။ ခင်ဗျားကို နှစ်သိမ့်ခွင့်မရတဲ့ ကျနော့်ကို ကျနော် မုန်းလိုက်တာ။
8.5.2018