👉 {5.5.2017-6.5.2017}👈
လွန်ခဲ့တဲ့ နှစ် ဒီလို အချိန်မှာ ကျနော် ရန်ကုန်ဆိုတဲ့
ငယ်ငယ်ကပဲ ရောက်ခဲ့ဖူးတဲ့ မြို့ကို ရောက်ချလာခဲ့တယ်။ ခင်ဗျားကို တွေ့မြင်ချင်လွန်းတဲ့စိတ်နဲ့ပေါ့။
လိုင်းပေါ်ကနေ ခင်တဲ့ Mdy L လေးတွေက အခွင့်အခါမသင့်လို့ မလိုက်နိုင်တဲ့အခါ ကျနော်တစ်ယောက်တည်း လာရောက်ခ့ရတဲ့ ခရီးလမ်းက နည်းနည်းတော့ အထီးကျန်တယ်။ ခင်ဗျားကို တွေ့မြင်လိုစိတ် တစ်ခုတည်းနဲ့ ဆွေမျိုးတွေ အပြောကို လစ်လျှူရှုပြီး ကိုယ်ထင်ရာဆိုင်းခဲ့တဲ့ ကျနော်..... မငယ်တော့တဲ့ အသက်အရွယ်မို့ ပို အပြောအဆို ခံခဲ့ရတယ်။ ကျနော့်ကို ကြိုဆိုလက်ကမ်းခဲ့တဲ့ ရွယ်တူ L နှစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ အတွက် ဝမ်းသာမိတယ်။ တကယ်ကို ချစ်ဖို့ကောင်းတဲ့ L လေးတွေက တစ်ဦးနဲ့ တစ်ဦး မဆုံဖူးပေမယ့် အဲ့ဒီနေ့က မိသားစုဆိုတာ ဒီလိုမျိုး ဆိုပြီး သိရှိမှတ်သား ဝမ်းမြောက်စေခဲ့တယ်။ မိဘတွေ လိုက်ပါလာတဲ့ L လေးတွေကလည်း အချင်းချင်း မိတ်ဆက်ကြပြီး မိဘတွေကို စိတ်ချစေဖို့ senior L လေးတွေ မြို့ခံ L လေးတွေက လုပ်ဆောင်ပေးစွမ်းနိုင်ခဲ့တယ်။ သိပ်ချစ်ဖို့ကောင်းတာ။
နောက်ကျမှ ရောက်လာတဲ့ ကျနော်အတွက် GA တွေ ရဖို့ အခွင့်အရေး မရှိခဲ့ဘူး။ ကွင်းထဲမှာ ခင်မင်ရင်း Bias က ဘယ်သူ... ဘယ် HC ဆိုပြီး ပြောနေကြတာတွေကြား ကျနော်လည်း ဝင်ရောက်ပြောဆိုရင်း ကျနော့်ကို သူတို့ GA လေးတွေ မျှဝေပေးသေးတယ်။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ကလေးတွေ ပါလိမ့်။ ကျနော်တို့အတွက် အဲ့ကာလအပိုင်းအခြားက ဝေဖန်တိုက်ခိုက်ခံရမှုတွေ အများဆုံး ခံခဲ့ရတဲ့ ကာလပေါ့။ EXOL ဆိုတာနဲ့ ဝေဖန်ခံရတာ နေတိုင်းနီးပါးပေမယ့် အဲ့ကာလက အဆိုးဆုံးပဲ။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ကလေးတွေ ဆိုတာ သူတို့မသိလို့ ဝေဖန်ကြတာပါ။ မရင်းနှီးကြပေမယ့် ရင်ဘတ်ချင်းနီးနေသရွေ့ ကျနော်တို့တွေ ဆက်လက် လက်တွဲသွားဦးမှာ။ ခင်ဗျားတို့လည်း ဆက်ဆက် ပြန်လာခဲ့ပေးပါ။ သတိရနေပေးပါ။5.5.2018