Part (3)

5.7K 444 17
                                    

အတန်းထဲတွင်ကိုယ့်နေရာ၌ ငြိမ်သက်စွာထိုင်နေကာ အကြည့်တို့က စာရှင်းပြနေသောဆရာဆီရောက်နေသော်လည်း စိတ်တို့ကတော့ hyung ဆီမှာ

Hyung ဒီနေ့လည်း အတန်းပျက်ပြန်ပြီ။ စာမေးပွဲနီးနေပြီဟာကို စာလည်းမလုပ်ဘူး။

ဤသို့ဖြင့် ဆရာရေးခိုင်းသည်ကို သေချာလိုက်ရေး လိုက်မှတ်ကာ စာသင်ချိန်သည် ဘယ်လိုကုန်မှန်းမသိကုန်သွားလေသည်။

Sam>> ကဲ goodbye class

" Goodbye Sam!!''

Sam အား အရိုအသေပေးကာ နှုတ်ဆက်ပြီး စာတွေလိုက်မှတ်ပေးထားသော စာအုပ်လေးအား မျက်စောင်းထိုးထိုင်ခုံထဲ၌ ထည့်ပေးထားလိုက်သည်။

Hyung အတွက်စာတွေ ကျွန်တော်မှတ်ပေးထားနော်...ကျွန်တော်ကတော့ ဒီတိုင်း တစ်ပွဲတိုးပဲကျက်တော့မယ်၊

ဟုတ်ပါသည်..ကျွန်တော် hyung စာအုပ်တွင်သာ
စာများလိုက်မှတ်နေခြင်းဖြစ်ပါသည်။ Kim Taehyung ဟု ရေးထားသော စာအုပ်လေးကတော့ ရှိတဲ့စာတွေရောမရှိတဲ့စာတွေရောနှင့် ရုပ်ဆိုးလို့နေသည်။

တောင်းပန်ပါတယ် စာအုပ်လေးရယ် hyung စာမေးပွဲကျလို့မဖြစ်ဘူးလေကွာ၊ ငါတတ်နိုင်သမျှကူညီပေးရမှာမို့ပါ

မိမိစာအုပ်အား လွယ်အိတ်ထဲပြန်ထည့်ကာ
Canteen သွားရန်လုပ်တော့ ဘောင်းဘီအိတ်ကပ်ထဲရှိ ဖုန်းသည် အနည်းငယ်တုန်သွားသောကြောင့်
ထုတ်ကာ ဝင်နေသော message ကိုဖတ်လိုက်သည်။

Hyung❤🐰

📩📩📩

Strawberry Milkshake နှစ်ဗူးဝယ်ပြီး canteen က ငါထိုင်နေကြစားပွဲဆီလာပို့

5 မိနစ်အတွင်း

📨📨📨

ဖတ်လို့လည်းအပြီး ဗြုန်းဆို ခုံထဲရှိ ပိုက်ဆံအိတ်အား
ယူကာ canteen သို့ အမြန်နှုံးဖြင့် ပန်းကန်လုံးစီးပြီး
ပြေးရပါတော့သည်။

အတွေးထဲတွင်တော့ 5 မိနစ်ဆိုသည့် စာတန်းကြီးကပေါ်နေသည်။ အအေးဆိုင်ရောက်တော့ လူရှင်းနေ၍ တော်သေးသည်။

Hyung မှာသည့် milkshake နှစ်ဗူးအားဝယ်ကာ
Canteen ရှိများပြားလှသောလူကြားထဲတွင်
Hyung ကိုရှာနေမိသည်။

I Love U But.... U Hate MeWhere stories live. Discover now