Part ( 6 )

4.5K 411 62
                                    

တောက်!!

ငါလုံးဝမကျေနပ်ဘူး!! လူအများရဲ့ရှေ့မှာ အဲ့လို
ဘာမှမဟုတ်တဲ့ကောင်ရဲ့ ထိုးတာကို ခံရတာလောက် $ သည်းပေါက်တာမရှိဘူး!!

ကြည့်မနေနဲ့ kim taehyung ! အဲ့တာမင်းကြောင့်
မင်းကြောင့် ငါအထိုးခံရတာ
မင်းကြောင့် ငါအရှက်ကွဲတာ ကွ!!

အခုလည်းကြည့် ကျွန်တော့်မှာ အဲ့အဖြူ ကောင်နဲ့
Basketball ကစားရတော့မယ်..
သွေးဆူနေတုန်း ပြောချင်ရာ ပြောလိုက်တာ taehyung ကို အလောင်းအစားလုပ်သလိုဖြစ်သွားခဲ့တယ်..

တော်ပါတော့ Kim Taehyung ရယ်
ငါတော့မင်းကို ပိုစိတ်ပျက်သွားပြီ..တကယ်တော့မင်းဟာ လှေနံနှစ်ဖက်နှင်းတဲ့ သူတွေနဲ့ တူတူလောက်ပဲ

အခုချိန်မင်းစိတထဲမှာ အဲ့ကောင်ကိုစိတ်ပူနေတယ်မလား? ဟမ်? ကြည့်နေတဲ့အကြည့်ကိုက အဲ့ကောင်ပေါ်မှာ စိုးရိမ်မှုတွေနဲ့

ဒီအချိန် မင်းစိတ်ထဲမှာ မင်းသိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့ ဟော့ ဒီက Jeon Jungkook က ဘယ်ရောက်သွားလဲ? မင်း ဘယ်ချောင်ထဲကိုထိုးထားလိုက်ပြီလဲ kim taehyung ။

ဘာလို့မှန်းမသိပေမဲ့ မင်းဟာ ငါပိုင်တဲ့အရုပ်ပဲဖြစ်ရမယ်..ငါ့ရဲ့အမိန့်တွေအောက်မှာပဲရှင်သန်ရမယ်...

ဟ! မကြည့်နဲ့ ငါ့ကို.. ငါ့ကိုကြည့်တိုင်းမင်းမျက်လုံးထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေကြီးပဲ..ဘယ်မှာလဲ
ငါိ့ကိုစိုးရိမ်မှု? မရှိဘူးမလား ပိုမုန်းသွားပြီ

မုန်းတယ် kim taehyung !!!

အရမ်းမုန်းတယ်!!

ဒီပွဲမှာငါနိုင်ရင် မင်းဒီနေ့ကို သေတဲ့ထိမေ့မရအောင်
နှိပ်စက်ပြမယ်ဆိုတာ စောင့်ကြည့်နေ!!!

°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°

တော်တော် မိုက်ရိုင်းပါလားကွာ..လူအများရှေ့မှာပါ
ကလေးကို ခုလို အနိုင်ကျင့်ပြီး အထက်စီးဆန်ဆန်အမိန့်တွေပေးခဲ့တာ ကျွန်တော် ဒီကျောင်းကိုမပြောင်းခင်တည်းကပေါ့..

တောက်!! ကလေးအစားသေအောင် ခံပြင်းလိုက်တာ

အဲ့အချိန်မှာသာ ကျွန်တော်ရှိခဲ့မယ်ဆိုရင် အဲ့ jungkook ဆိုတဲ့ကောင်ကို အချက် ၂၀ လောက်လှိမ့်ထိုးမိမှာ

I Love U But.... U Hate MeWhere stories live. Discover now