Part ( 9 )

4.5K 388 50
                                    

ဆေးရုံက ဆင်းတော့ hyung က သူ့အိမ်ကိုခေါ်သွားတယ်..။ စိတ်မချလို့ ဒီည သူ့အိမ်မှာပဲ အိပ်တဲ့...

ကျေးဇူးတင်ပါတယ် jungkook hyung ကျွန်တော့်ကို ခုလိုမျိုးပြန်ချစ်ပေးလို့

Jungkook>> ကလေး ဗိုက်ဆာနေပြီလား??

ိကျွန်တော့် ဧည့်ခန်းထဲထိုင်နေတုန်း hyung အသံကြောင့် အနောက်လှည့်ကြည့်လိုက်တော့...စွပ်ကျယ်အဖြူ နှင့် ဘောင်းဘီအရှည်အမည်းရောင်ဝတ်ထားသောhyung ကြောင့် တံတွေးပင်အယောင်ယောင်အယမ်းယမ်းမျိုချမိလိုက်သည်။

ဘုရား..ဘုရား..hyung မအေးဘူးလားမသိဘူး..

Jungkook>> ဟိတ်..ဘာတွေတွေးနေတာတုန်း
ဘာလဲ?? ကိုယ့်ကိုငေးနေတာလား..?

ကျွန်တော့် နဖူးကို လက်ညိုးနဲ့ တစ်ချက်တို့လိုက်ပြီး ပြုံးစိစိနဲ့ မေးလာသော hyung ကြောင့် ရှက်ရှက်နှင့် မျက်နှာလွှဲလိုက်သည်။

Taehyung>> မ မဆာပါဘူး hyung

Jungkook>> ရှက်သွားတာလား? စကားတောင်ထစ်သွားတယ်ဆိုတော့

ကျွန်တော်မျက်နှာ လွှဲရာဘက်သို့ ခေါင်းလိုက်စောင်းပြီး မေးလာသော hyung ကြောင့် တစ်ကိုယ်လုံးပင်ပူထူလာသည်။

Jungkook>> ဟက်ဟက် မျက်နှာကြီးလည်းပေါက်ထွက်သွားပါဦးမယ် ကလေးရယ်..မဆာရင် ကော်ဖီလေးဘာလေးသောက်မလား?

ရှက်ရှက်နှင့်ပင် ခေါင်းငြိမ့်လိုက်တော့ hyung က ကျွန်တော့်ဆံပင်တွေကို တစ်ချက်ဖွပြီး မီးဖိုချောင်ထဲဝင်သွားလေသည်..။

အဲ့တော့မှ ပေါက်ထွက်မည့်အလားခုန်နေသော ဘယ်ဘက်ရင်အုံကို လက်နှင့်ဖိကာ သက်ပြင်းချရလေသည်...။

အမလေးနော်..အထဲက ခုန်ဆွကောင် ငြိမ်ငြိမ်နေစမ်း!!

ထိုစဉ် ဖုန်းလေးဘာလေးပွတ်မည်ဆိုပြီး ဘောင်းဘီအိတ်ထဲလက်စမ်းကြည့်တော့..

ဟင် ဘယ်ရောက်သွားပါလိမ့်..သေရောကွာ..ကျောင်းမှာကျန်ခဲ့ပြီ.မနက်ဖြန်ကျမှပဲ သွားရှာတော့မယ်၊

Jungkook>> ဒီမှာ coffee ရပြီ။

စားပွဲပေါ်သို့ အဖြူ ရောင် coffee ခွက်လေးအားတင်ပေးကာ ကျွန်တော့်ဘေးနားဝင်ထိုင်လေသည်၊

I Love U But.... U Hate MeWhere stories live. Discover now