Part ( 17)

3.7K 320 10
                                    


တံခါးပိတ်သံလည်းကြားရော taehyung အိပ်ချင်ယောင်ဆောင်နေရာမှ ငေါက်ခနဲ ထထိုင် မိသည်။

Hyung..hyung က ငါ့ကိုအရမ်းချစ်တယ်တဲ့..။ ပြီးတော့ ငါ့ကိုလည်းနမ်းသွားတယ်..။
ပျော်လိုက်တာ..။

ဟာ Kim Taehyung မင်းဘာတွေစိတ်ကူးယဉ်နေပြန်ပြီလဲကွာ။ သူလားမင်းကိုချစ်မှာ?

ချစ်..ချစ်လို့ပြောတာပေါ့နော်..။ သူပြောသွားတဲ့စကားတွေက နက်ရှိုင်းလွန်းတယ်

" Arrrrrrrrr''

ခေါင်းထဲ ပြုံ ဝင်လာတဲ့ အကောင်းနှင့် အဆိုးတစ်ပိုင်းတစ်ခြားဆီ ဖြစ်နေတဲ့ အတွေးတွေလွင့်ထွက်သွားအောင် ခေါင်းကိုင်ကာ Taehyung အော်မိလိုက်သည်။

အော်သံလည်း ဆုံးရော ဝုန်းဆို တံခါးဖွင့်သံနှင့်အတူပြေးဝင်လာတာ jungkook hyung

Jungkook>> ကလေး ဘာဖြစ်တာလဲ? ဘယ်နားနာလို့လဲ? ဟင်? ကိုယ်အခု ဆရာဝန်သွားခေါ်ရမလား

တစ်ယောက်တည်းမေးခွန်းများစွာမေးပြီး ပြာယာခတ်နေသော jungkook ကို taehyung တွေဝေစွာ စိုက်ကြည့်နေမိသည်။

ဒါတွေဟာလည်း ခဏတာ ဟန်ဆောင် ခံစားချက်တွေပဲလား jungkook hyung??

Taehyung>> မခေါ်နဲ့ ဘာမှမဖြစ်ဘူး

သူနှင့် ဆန့်ကျင်ဘကိ ပြတင်းပေါက်ဆီသို့ မျက်နှာမူကာ ဘောက်ဆက်ဆက်နှင့် ပြန်ပြောလိုက်သည်

Jungkook>> ဘာမှမဖြစ်ရင် ဘာလို့ အော်တုန်း?

သူ့ရှောင်ပါတယ်ဆိုမှ မျက်နှာရှေ့ ရောက်သောကြောင့် ဟိုဘက်ပြန်လှည့်ရသည်။

အမလေး!!

မြန်လိုက်တာ သူက ကိုယ့်ရှေ့မှာ ပြူးပြဲနေတာပဲ

မသိချင်ဆောင်ကာဆန့်ကျင်ဘက်သို့ထပ်လှည့်မည်အပြု
ပုခုံးအား ကိုင်ကာ သူ့ဘက်ဆွဲလှည့်လိုက်သောကြောင့်

Jungkook>> ကလေး ကိုယ်မေးတာဖြေ ဘာလို့အော်တာတုန်း

Taehyung>> ဒီတိုင်း အိမ်မက်ဆိုးမက်လို့ လန့်အော်တာ

မတတ်နိုင်ဘူး လိမ်လတ်စနဲ့ လိမ်ရမှာပဲ

အိ! ဒါဘာလုပ်တာတုန်း?? ငုံ့ထားတဲ့ ခေါင်းကို မော့အောင် သူ့လက်နဲ့ မေးဖျားကိုကိုင်ပြီး ဆွဲမော့လိုက်တာ။ လက်ရဲဇက်ရဲကြီး!!!!

I Love U But.... U Hate MeWhere stories live. Discover now