#20171127

31 5 0
                                    

အရမ်းကို​​ မြတ်​နိုးရပါတယ်​ '​ယောလ်​' ​ရေ... 😊

ကျန်းမာ​ရေး ဂရုစိုက်​​နော်​.... အချိန်​မှန်​စား... အချိန်​မှန်​အိပ်​... 😊

အ​အေးမမိ​စေနဲ့ဦး.... ​နွေး​နွေး​ထွေး​ထွေး​နေ.... 😊

အပင်ပန်းလည်း အရမ်းမခံပါနဲ့... 😊

ဒီကလူက စိတ်​ပူ​ပေးရုံနဲ့ ဆု​တောင်း​ပေးတာကလွဲပြီး ဘာမှမလုပ်​​ပေး​နိုင်​ဘူးရယ်​.... 😌

'​ယောလ်​' ရဲ့ ဘယ်​ဘက်​ပါးထက်​က အချိုင့်​​နက်နက်​ကေ​​လး​​​​​ပေါ် မေးတင်​​ငေး​မောရင်း ​သက္ကရာဇ်​​တွေ ကုန်​ဆုံးသွားဖို့ ဆု​တောင်းချင်​တာမို့....

အမြဲတမ်း ပြုံး​နေ​ပေး​....😊 ​ဟုတ်​ပြီလား အချစ်​!.... 😊

အခုချိန်​ထိ​တော့ ​ဝေးကွာခြင်းတရားနဲ့ မတူညီမှုတွေ​ကို ​မ​တွေးမိေ​အာင်​​ နေလို့ရ​နေဆဲပါပဲ '​ယောလ်​' ​ရယ်​... 😊

'​ယောလ်​' ​ဘေးနားက ​နေရာ​လေးတစ်​ခု လစ်​လပ်​​နေတဲ့ အချိန်​အပိုင်းအခြား​တစ်ခု​​လောက်​​အထိ​​တော့ ​အမှန်တရားကို ​မေ့ထားချင်​​ယောင်​​ဆောင်​လို့ရမယ်​ ထင်​ပါရဲ့.... 😊

ဘုရားမှာ ​​​ဆု​တော်​​တော်​များများ ပန်​ခဲ့တယ်​ '​ယောလ်​'.... 😊

'​ယောလ်​' ​ပျော်​ရွှင်​ဖို့....

'​ယောလ်​' ကျန်းမာ​ရေး​ကောင်း​ကောင်းနဲ့ ​​ရှေ့​လျှောက် ​​'​​ယောလ်' နှစ်သက်ရတဲ့ အလုပ်​​တွေအများကြီးလုပ်​နိုင်​ဖို့...

'​ယောလ်​' ဘယ်​လိုအ​ခြေအ​နေမျိုးမှာပဲ ရှိ​နေ​နေ '​ယောလ်​' ဘက်​မှာ အဆုံးထိရပ်​တည်​ပြီး စစ်​မှန်​တဲ့ချစ်​ခြင်းတရားတစ်​ခုနဲ့ တန်​ဖိုးထား​ပေးမယ့်​သူ​တွေ အခုထက်​မက ပိုများလာဖို့....

'​ယောလ်​' ​အဆင်​​ပြေ​နေချိန်​ အတူတူရယ်​​မော​ပေးမယ့်​သူထက်​ ​'​ယောလ်​' ခက်​ခဲပင်​ပန်း​နေချိန်​မှာ '​ယောလ်​' ရဲ့ မျက်​ရည်​​တွေကို တုံ့ဆိုင်းခြင်းမရှိဘဲ သုတ်​ဖယ်​​ပစ်​ဖို့ ကမ်း​လက်​တစ်​စုံ အငှား​ပေးမယ့်​... အတူတူငို​ပေးဖို့ နှလုံးသားတစ်​ခုလုံး ရက်​ရက်​​ရော​ရော ချခင်း​ထားမယ့်​ တစ်​စုံတစ်​​ယောက်​ '​ယောလ်​' လိုအပ်​တိုင်း အနားမှာ အဆင်​သင့်​ရှိ​နေ​စေ​ဖို့.... 😊

ဒီကလူ ​​​​ဆု​တောင်းထားသမျှ​တွေသာ အမှန်​တကယ်​ ပြည့်​လိမ့်​မယ်​ဆို ​'​ယောလ်​' တစ်​​ယောက်​​တော့ ဒီနှစ်​​မွေး​နေ့မှာ စိတ်​ညစ်​​ဖို့​ကောင်း​လောက်​​အောင်​ကို ​ပျော်​​နေရ​တော့မှာပဲကွယ်​... 😊

#HAPPYCHANYEOLDAY
#27th_Nov_2k17

❤My❤Where stories live. Discover now