'ယောလ်'... သိလား?
ချစ်ရတာ ပင်ပန်းလိုက်တာ လို့ တစ်ကြိမ်တစ်ခါတောင်မှ မတွေးခဲ့မိဖူးဘူး... 'ယောလ်' တစ်ယောက်ကိုတော့ဖြင့် အစွမ်းကုန် မြတ်နိုးပေးနိုင်ပါတယ်... ဝေးရလို့လည်း ဘယ်တုန်းကမှ စိတ်မကွက်ခဲ့ဘူး... နီးစပ်မှုဆိုတာ ကိုယ် ကိုယ်တိုင် မရင်းနှီးတဲ့ စကားစုတစ်စု ဖြစ်နေခဲ့လို့....
ဒါပေမယ့်...
အခုတလော 'ယောလ်' ကို တွေ့ရရင် အရင်တုန်းကလောက် ချစ်ကြောင်း တဖွဖွ မပြောမိတော့ဘူး...တသသလည်း မတမ်းတမိအောင် အတတ်နိုင်ဆုံး ကြိုးစားကြည့်နေတယ်...
'ချစ်တယ်' တစ်ခွန်းပြောခါနီးတိုင်း နှုတ်က အဲ့စကားလုံးလေး နှစ်လုံးထဲကို လွယ်လွယ်ကူကူ ပြောလို့ ထွက်မလာခဲ့ဘူး...
အဲ့ဒီ့အစား 'ဒီပါးချိုင့်တွေက ငါ့အပိုင်မဟုတ်ဘူး' , 'ဒီအပြုံးတွေကို ဘယ်အချိန်ထိ ဖက်တွယ်ခွင့်ရမလဲ ဆိုတာ သေချာမနေဘူး', 'ဒီပြည့်စုံမှုတွေက ငါ့အတွက် ဆိုတာမျိုး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး', 'တစ်ချိန်ကျရင် ဒါတွေအကုန်လုံးက သူ့ရဲ့ တစ်ဦးတည်းသောလေးအတွက်ပဲ' ဆိုတဲ့ အတွေးတွေက ဟိုဟိုဒီဒီတွေကနေ ဝင်လာပြီး 'ယောလ်' ကို မျက်စိရှေ့ မြင်နေရရင်းနဲ့တောင် လွမ်းဖျားလွမ်းနာ ကျလာတော့တာပါပဲ...
'ယောလ်' ရယ်...
ဘယ်လိုတွေများ ဆုတောင်းကောင်းခဲ့လို့ ဒီလောက်ထိ အချစ်ခံနေရသလဲ? ဟင်??ဒီလူ က ရော...
ဘာတွေ ဘယ်လိုတောင် ဆုတောင်းမှားခဲ့လို့ ကောင်းကင်ပေါ်ကကြယ်ကိုမှ ကိုယ့်ရဲ့ မခမ်းနားလှတဲ့ ဟောဒီ့ လက်ခုပ်သေးသေးလေးထဲ ကံတရားတွေ မှောက်မှားပြီးတော့များ ကြွေလာလိမ့်မလားဆိုတဲ့ တစ်ဖက်သတ် မျှော်လင့်ချက်တွေနဲ့ ဘယ်အတိုင်းအတာလောက်အထိ ရူးသွပ် မြတ်နိုးနေရဦးမှာပါလိမ့်?တကယ် အချစ်စစ်ရင် မျှော်လင့်ချက်တွေ မပါဘူး တဲ့...