SOTUS Fanfic လေးပါ ။ Translateလုပ်တာ
အတော်ကြီး မဟုတ်ပါ 😢 SOTUS Fanလေး
တွေအတွက် ကြိုးစားပြီး Translateထားပါ
တယ် ။သည်းခံပြီး ဖတ်ပေးကြပါ ။
################################
Arthit POV
ကျွန်တော်နိုးလာတဲ့အချိန်မှာ ကျွန်တော်ဘယ်
ရောက်နေမှန်းမသိဘူး ။ သေချာတာကတော့
အိပ်ယာတစ်ခုပေါ်ရောက်နေတယ် ။ 😓
" နိုးနေပြီလား? " ဆိုပြီး ကျွန်တော်မရင်းနှီးတဲ့
အသံတစ်ခုက အခန်းတံခါးဝနားမှာရပ်နေတဲ့
လူတစ်ယောက်ဆီက လာခဲ့တယ် ။
ကျွန်တော်လဲ လန့်ပြီး လှဲနေရာကထလိုက်ပြီး
အိပ်ယာပေါ်ထိုင်လိုက်တယ် ။
" မင်း...မင်း ဘယ်သူလဲ? ငါ...ငါကရော ဘယ်
လိုလုပ် ဒီနေရာကိုရောက်နေတာလဲ? " ဆိုပြီး
ကျွန်တော် သူ့ကိုစိုက်ကြည့်ပြီး သိချင်စောနဲ့
မေးလိုက်တာစကားတွေတောင်ထစ်ကုန်တယ်။
ကျွန်တော့စိတ်တွေလဲ ရှုပ်ထွေးနေပြီ ။
" Hey စိတ်ကိုငြိမ်ငြိမ်ထားပါ '' ဆိုပြီး ထိုလူက
ပြုံးပြီး ပြန်ဖြေတယ် ။ပြီးတော့ '' မနေ့ညက
ဘာတွေဖြစ်ခဲ့လဲ ဆိုတာ တစ်ခုမှ မမှတ်မိဘူး
လား? " ဆိုပြီး စနေတဲ့လေသံနဲ့ထပ်ပြောတယ်။
ကျွန်တော်ပြန်စဉ်းစားကြည့်တယ် ဟုတ်တယ်
မှတ်မိပြီ " ငါတစ်ယောက်တည်း အရက်
သောက်ခဲ့တယ် '' ကျွန်တော် စိတ်ညစ်ညစ်နဲ့
သူ့ကို အော်ပြောလိုက်တယ် ။
" ပြီးတော့ရော? " သူက တံခါးဘောင်ကို အ
နည်းငယ်မှီလိုက်ပြီး လက်ပိုက်ပြီး လူကို
စစ်လားဆေးလားပုံစံနဲ့ မေးနေတယ် ။
သူ့ပုံစံက ကျွန်တော့ကို မလုံမလဲဖစ်စေတယ် ။
