7.

2.3K 156 19
                                    


မနေ့က အကြောင်းလေးကနေ ရှေ့မဆက်မီ

အဲ့ဒီညမှာ ( ဘယ်ညလဲ သိတယ်မလား 😝 )

သူတို့ဘယ်လိုဆုံခဲ့ရတယ်ဆိုတဲ့အကြောင်းလေး

နောက်ကြောင်းပြန်မယ်နော် ။

Arthit Story

ကျွန်တော် Namtarn ခေါ်တာနဲ့ ကော်ဖီဆိုင်

တစ်ခုမှာ သူနဲ့တွေ့ခဲ့တယ် ။

Arthit - '' Jay ရော မပါလာဘူးလား?

သူဘယ်သွားလဲ? "

Namtarn - '' ငါတို့ လမ်းခွဲလိုက်ပြီ ''

ကျွန်တော်သူ့နားသွားပြီး ဖက်ထားလိုက်တယ် ။

သူငိုနေတာကြောင့်ပါ ။

ကျွန်တော်ရယ် Jay ရယ် Namtarn ရယ်က

အငယ်လေးတည်းက ပေါင်းလာတဲ့

ငယ်သူငယ်ချင်းတွေပါ ။

ကျွန်တော်တို့ အထက်တန်းကျောင်း ပြီးသွား

တော့ အကြောင်းရာတစ်ခုကို သိခဲ့ရတယ် ။

Jay နဲ့ Namtarn နဲ့ အတွဲတွေ ဖြစ်နေကြပြီ

ဆိုတာကိုပေါ့ ။ ကျွန်တော့ရင်ထဲ အရမ်း နာကျင်

ခဲ့ရတယ် ။ တစ်ချိန်တည်းမှာပဲ ကျွန်တော် သူ့ကို

ချစ်နေတာပါလားဆိုတာ သိခဲ့ရတယ် ။

ဒါပေမယ့် ခုမှ မဖြစ်နိုင်တော့တာ ကျွန်တော့

ခံစားချက်တွေကို မျိုသိပ်ထားခဲ့တယ်။

################################

ကျွန်တော်နဲ့ Narmtarn တွေ့ပြီး အဲ့နေ့ကနေ

၃ ပာတ်ရှိသွားပြီ ။

ကျွန်တော့်စိတ်ထဲ အရမ်းပျော်နေတယ် ။

ဘာလို့လဲဆိုတော့ Namtarnက တကယ်ကို

Jay နဲ့ ပြတ်ပြီး Single ဖြစ်သွားပြီလေ ။

ကျွန်တော့်မှာ မျှော်လင့်ချက် ရှိလာပြီ ။

သူတို့တွဲသွားတုန်းကရော မပြတ်ခင်အထိ

ိရော ကျွန်တော့် ခံစားချက်တွေကို ဖုံးကွယ်ပြီး

သူငယ်ချင်း တစ်ယောက်အနေနဲ့ သူလိုအပ်ရင်

ကူညီပေးတယ် ။ သူငယ်ချင်းလိုပဲ နေခဲ့တယ် ။

SOTUS's 😍 Moon & Sun 😍Where stories live. Discover now