Arthit POV" ကျွန်တော် တောင်းပန်ပါတယ် P'Arthit ။
ကျွန်တော်တကယ်ကို ထိန်းချုပ်နိုင်စွမ်းတွေ
ကုန်သွားတယ် ။ လုံးဝ မထိန်းချုပ်နိုင်ခဲ့
လို့ပါ '' လို့ သူပြောတယ်။ အဲ့ချိန်မှာပဲ ကျွန်တော်
ချက်ချင်း သတိ ဝင်ပြီး အိပ်မက်ကနေ လန့်နိုး
လာတယ် ။
ကျွန်တော် နိုးလာပြီး ဘေးကိုကြည့်လိုက်တဲ့
အချိန်မှာ ကျွန်တော်မမြင်ချင်တဲ့လူကိုတွေ့လိုက်
ရတယ် ။ သူကျွန်တော့်ဘေးမှာ အိပ်နေတယ် ။
ကျွန်တော်မူးနေတာကို အခွင့်ကောင်းယူခဲ့လို့
ကျွန်တော်သူ့ကို သအောင် ရိုက်သတ်ပစ်ချင်
တယ် ။ ( ဖြေးဖြေးလုပ်ပါ အကိုဝက်ရယ် 😱)
ဒါပေမယ့် ကျွန်တော့်အိပ်မက်ထဲမှာ မြင်ခဲ့တာ
တွေ ကြားခဲ့တာတွေကြောင့် ကျွန်တော် ဘာ
မှမလုပ်နိုင်ခဲ့ဘူး ။ 😒😡😠
ကျွန်တော်ထိုင်နေလို့ မဖြစ်တော့ဘူး ။ အဲ့ဒါ
ကြောင့် အိပ်ယာပေါ်ကဆင်းပြီး အဝတ်ဗီရို
ဆီ သွားလိုက်တယ် ။
ကျွန်တော့် ဖုန်းတွေ လက်ကိုင်အိတ်တွေ
အင်္ကျီတွေကို အဲ့ထဲမှာတွေ့တယ် ။ အဲ့ဒာနဲ့
bathrobeကို ချွတ်ပြီး ကျွန်တော့်အဝတ်တွေ
ကောက်ဝတ်ပြီးတော့ ဖုန်းနဲ့ လက်ကိုင်အိတ်ကို
ယူပြီး အခန်းထဲက ချက်ချင်းထွက်လာလိုက်
တယ် ။
ကျွန်တော် Hotelကထွက်လာတဲ့အချိန်မှာ
ကျွန်တော်စဉ်းစားမိတယ် ကျွန်တော် အရေးကြီး
ဆုံး အချက်တစ်ချက်ကို မေ့နေတာပဲ ။
အဲ့ဒါက " သူ ငါ့နမည်ကို ဘယ်လိုသိတာလဲ? "
ကျွန်တော့်ဘာသာ ရေရွတ်နေမိတယ် ။
