Crazy❤4

1.9K 161 0
                                    

အပိုင်း(၄)

တစ်ပတ်....တစ်ပတ်တောင်ရှိသွားပြီ......
မနက်ဖြန်ဆို....ကောင်လေး မွေးနေ့ရောက်ပြီ..

ငါလည်း ဝတ်ကျွတ်တာပေါ့ မြန်မြန်.........

ကြာရင် ကောင်လေးရဲ့ ဂျစ်တီးဂျစ်ကပ် အဆိုးတွေထဲမှာ လုံးပါး ပါးတော့မယ်ဗျာ....

ယဉ်ယဉ်လေးနဲ့ ဆိုးတဲ့ကောင်လေး..အခုမှပဲမြင်ဖူးတော့တယ်..

ဘယ်လို ရေစက်ပါလိမ့်........

မကောင်းတာလား..ကောင်းတာလား ကိုယ်တိုင်တောင်မသိတော့ချေ...

အလုပ်ကိစ္စ နဲ့ဆို ကောင်လေးဟာ အပြစ်ပြောစရာမလို..အကုန်တတ်ကျွမ်း.လုပ်တတ်ကိုင်တတ်လှသည်.

တစ်ထွာလောက်ပြရင် တစ်တောင်လောက်မြင်တဲ့ ထိုကလေးရဲ့ အလုပ်ဉာဏ်ကိုတော့မူ.
ချီးကျူးမိပါသည်..

သို့သော်~~~~~~~~

အလုပ်သင်ပေးနေရင် ကျတော့် မျက်နာကိုပဲမျက်တောင်မခတ်ကြည့်နေတာကလွှဲလို့......

"ကိုကို"...''ချစ်ဖို့ကောင်းသား.''.''ချောတယ်''စသော စကားလုံးတွေနဲ့.မထိမတိ.ခလုတတိုက် ကျွန်တော် ကိုလာလာပြောနေတာက လွှဲလို့......

ကျတော်အိပ်နေရင် လာလာချောင်းနေတာက လွဲလို့......

ဒီတိုင်းနေရင်းနဲ့လည်း ကျတော့်ကို.snapပုံတွေ လာလာရိုက်နေကလွှဲလို့.........

Shopping ဇွတ်လိုက်ပို့ခိုင်း.....ဟိုရောက်ရင် ဆင်တူအက်ျီတွေ ဝယ်....ပြီးရင် ဝတ်ခိုင်းပြီ...လျောက်လည်ခိုင်းတာမျိုးက လွှဲလို့......

တစ်နေ့တစ်မျိုး မရိုးနိုင်အောင် agyo မျိုးစုံနဲ့ ကျတော့်ကို ကပ်သီပွတ်သီ လုပ်နေတာက လွှဲလို့..........

ကျန်တာအားလုံး...အဆင်ပြေပါတယ်....
အားနာလွယ်၍ ထိုကောင်လေး အကြိုက် အလိုလိုက်နေသော ကျတော့်အဖို့..အနေခက်နေရပြန်သည်..

ထွက်ပြေးချင်စိတ်တောင် ပေါက်သည်...
အခုလည်းကြည့် မေးပုံက...

"ကိုကို လူတစ်ယောက်ကို ချစ်လာအောင် ဘယ်လိုလုပ်ရလဲ''

အနေခက်အောင် သွယ်ဝိုက်လာလာမေးနေသော ထိုကောင်လေး

Crazy(complete)Where stories live. Discover now