Crazy❤8

1.8K 145 5
                                    

အပိုင်း၈

ဘာလိုလိုနဲ့ တရက်ပြီး တရက်ကုန်ဆုံးလာခဲ့သည်....

အမုန်းတရားတွေလည်း...ပွားများလာသလိုပဲ.

တောင်းတနေတဲ့ လက်ထပ်ပွဲလည်း ပြီးဆုံးသွား
ခဲ့ပါပြီ....

ပျော်ခဲ့ရဲ့လားဆိုတော့လည်း......နိုးလို့ပါပဲ......

ပိုင်ဆိုင်ရပေမဲ့......မထိုက်တန်ခံရသလိုပဲ......

ရခဲ့ လိုက်တဲ့ ကိုကိုရဲ့အမုန်းတရားတွေ ရင်မှာ ဗလပွ........

လက်ထပ်ပွဲတုန်းက လည်း.ရလိုက်တဲ့ အသက်မပါနဲ့ အနမ်းတွေ........

ကိုယ်ကသာ ရင်ခုန်နေရတာ...ဟိုက ရွှံလို့တဲ့....

လက်ထပ်ပြီး တမိုးအောက်မှာတော့......တူတူနေရပါတယ်.....
သို့သော်....တွေ့ခွင့်လေးတောင် သိပ်မပေး......

ခွဲအိပ်တဲ့ လင်မယား မြင်ဖူးကြရဲ့လားဗျာ.....

အပြစ်တွေ ပေးဖို့ အတွက်ပဲ စဉ်းစားထားလား ကိုကို......

များပြားလှသော ရင်မှာ ဒဏ်ရာတွေ မဆန့်သာလှ....

ချစ်သလောက်တော့ ပြန်မရတာ ငါ့ဘယ်ဘဝက ဝဋ်ကျွေးများပါခဲ့သလဲ........

ချစ်လာအောင် ကြိုးစားဆဲပါ.....

မနက်တိုင်း...ကိုကို မစားမှန်း သိသော်လည်း...မနက်စာ ကိုယ်တိုင်လုပ်ပေးခဲ့တယ်....

ကိုကိုမရှိတော့မှ ကိုကိုအခန်းထဲ သွားပြီး သန့်ရှင်းရေးလုပ်ပေးသည်....အဝတ်တွေ လျော်ပေးသည်....

ကိုကို စားပွဲခုံက...လဲထားတဲ့ ကျနော်တို့ မင်္ဂဦး ဓာတ်ပုံလေး ကိုအမြဲထောင်ပေးနေရသည်....

အိမ်ထောင်သက်သာ တဖြည်းဖြည်း...၁နစ်နီပါးကြာလာခဲ့သည်.....အိမ်ထောင်သည် ဘဝလို့တောင်. မခံစားမိခဲ့ပါဘူး........

လင်နဲ့မယား လျာနဲ့သွားဆိုလည်းတော်ပါသေးတယ်

အခုတော့မူ သူပေးတဲ့ ဥပက္ခာတွေ.အမုန်း တရားတွေနဲ့....နေ့တိုင်းအသက်ရှင်နေရတာပါ.......

ကျနော်ဘဝက.....လွှတ်လမ်းမရှိတော့တဲ့ ထောင်သား တယောက်ပမာ.....မျှော့်လင်ချက်..လေးတောင် မရှိတော့သလို.......

Crazy(complete)Where stories live. Discover now