Crazy ❤Extra

2.5K 152 42
                                    

Crazy ❤
~~~~~~~

extra

~~~~

"ဂျောင်ဆူး ဒီနေ့ ကိုယ်နဲ့ အိပ်မှာ မလား.."

"နောက်နေ့ပေါ့ ကိုကို ။ကလေးက တစ်ယောက်တည်းအိပ်ရမှကြောက်နေမှာစိုးလို့ သွားအိပ်ပေးလိုက်အူးမယ်.."

အကြောင်းပြချက်လှသောကြောင့် ကျွန်တော်မပြောလိုစွာ ကြည်ဖြူ စွာခေါင်းငြိမ့်ပေးထားသည်။အရင်တုန်းက ကလေးနဲ့ သုံးယောက်သားတူတူအိပ်ပေမယ့်ကလေးကား နည်းနည်းကြီးလာတော့ တစ်ယောက်တည်းကိုယ်အားကိုယ် ကိုးတတ်အောင်ဆိုပြီး အခန်းခွဲပြီး စီစဉ်လိုက်တော့၏။အဲဒီနေ့ကစပြီး ချန်ယောလ်နဲ့ ဂျောင်ဆူးဝေးတော့တာပဲ။

အလုပ်ကနေပင်ပန်းလို့ ကိုယ့်ယောကျာ်းနဲ့တူတူဖက်အိပ်ရမယ်မှတ်တယ့် သူတို့ဂျောင်ဆူးသားဖတို့နှစ်ယောက်ကပဲ ကိုယ့်အားဖုတ်လေသည့်ငပိမရှိစွာ နှစ်ယောက်တည်းသာယာနေကြသည်။အစကတော့ ကျွန်တော်တောင်းဆိုထားတဲ့ တစ်ပတ်တစ်ခါကိုတော့ ဂျောင်ဆူးတူတူလာအိပ်ပေးပါတယ်။နောက်ကြာတော့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ feedbackပေးကာ အကွက်တွေသုံးနေ၏။

ချစ်တော့ ဒီတိုင်းစိတ်တိုင်းကျထားပေးလိုက်တော့သည်။ဒါပေမယ့် အနေဝေးတာကြာရင်လည်းမကောင်းဘူးလေ။လင်မယားဆက်ဆံရေးမှာလဲ အိပ်ယာပေါ်ကကိစ္စနဲ့ဝေးကွာသွားရင်လည်း မကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ပုံမှန်အိမ်ထောင်မှာတောင် အနေဝေးသွားရင် ကွဲပြဲကြတာ ကျွန်တော်တို့လို ယောက်ျားနှစ်ယောက် အိမ်ထောင်ရေးမှာဆိုပိုပြီး သတိထားရမယ်လေ။ကျွန်တော်ကတော့ ဒါတွေတွေးပူသည် တစ်နေ့တစ်နေ့ ဂျောင်ဆူး ကိုယ့်အား အချစ်လျော့သွားမည်ဆိုတာကိုပင်။

အခုတော့ ဂျောင်ဆူးနဲ့အတူ မအိပ်ရသည်မှာကြာပြီမို့ ဒီနေ့မနက် ခွင့်တောင်းကြည့်တော့ ထုံးစံအတိုင်းပဲ သားမျက်နှာဗန်းပြပြီး ဆင်ဝှေ့ရှောင်သွားတော့သည်။သုံးသွားသော အကွက်လေးတွေလှလဲ ဒီတစ်ခါတော့ မကျေနပ်လွန်းလို့ ဂျင်းပြန်ထည့်မည်ဟု ချန်ယောလ်စိတ်ထဲ ကြုံးဝါးထားမိ၏။

မိမိစကားကိုတောင် သိပ်နားမထောင်ပဲ လူလည်လုပ်နေသော baeကို အကြပ်ကိုင်နိုင်ဖို့ဆိုတာ အဓိကအနေနဲ့ သား yeol soo တစ်ယောက်သာရှိသည်။ဘာလို့လဲ ဆိုတော့ Bae သည် သားစကားနားထောင်ပြီး အရမ်းအလိုလိုက်သောကြောင့်ပင်။ထို့ကြောင့် ချန်ယောလ် သားကို သူဘက်ပါလာအောင် ကြံစည်လိုက်တော့၏။

Crazy(complete)Where stories live. Discover now