Crazy❤Extra

1.8K 147 32
                                    

crazy ❤

extra
~~~~~~~~

"Yeol soo..!!... "

"wuri yeol sooလေး......ညစာစားရအောင်လေ"

ကိုယ့်ဘက်က ခေါ်နေပေမယ့် ဟိုဖက်က တုပ်တုပ်တောင်မလှုပ်ပဲ ဘာသံမှမကြားဖြစ်နေသည်။ဒီနေ့က yeol soo တခြားနေတွေလို မဟုတ်ပဲ ကျောင်းက ပြန်လာပြီး ကတည်းက အခုလို တိတ်နေသည်။ထူးဆန်း၏ ။

"သား....."

ဂျောင်ဆူး အခန်းတံခါးကို ဖွင့်ပြီး နမည်ခေါ်လိုက်တော့ ကလေးသည် တစ်ချက်လှည့်ကြည့်၍ ဆူပုတ်ပုတ်ကာ နေ၏။ဘာတွေများ စိတ်ဆိုးနေပြန်ပြီလဲ ဒီသားလေးကတော့. ညနေကတောင် ဖေကြီးyeolနဲ့အတူတူဆော့နေတာ အကောင်းတိုင်းပါပဲ။

"သား ညစာစားရအောင်လေ....."

"ဖေကြီးရော..ပြန်ရောက်ပြီလား....."

"ဖေကြီးက....ညမှောင်မှ ပြန်ရောက်မှာ။ဖေလေး နဲ့ တူတူ စားရအောင်လေ။"

kyung soo က ရယ်ပြီး ချော့ပြောတော့လည်း yeol sooလေးသည် ခေါင်းခါပြပြီး မျက်နှာဆူပုတ်ကာ ဟိုဘက်ကိုခေါင်းလွှဲသွားပြန်သည်။ကြည့်ရတာ သားလေးသည် ဖေကြီး Chanyeolကို စိတ်ကောက်နေသည်ထင်။နှုတ်ခမ်းလေးကိုတောင် ဆူထား၏။ချစ်ဖို့ကောင်းလေစွ...ကိုကိုကလေးလို့တောင် မပြောရအောင် ကိုကိုလိုပဲ သိပ်ချစ်ဖို့ကောင်းသည်။

"ငါတို့ yeolသေးသေးလေးက ဖေကြီးကို စိတ်ကောက်နေတာလား....."

ဂျောင်ဆူးက ကလေးပါးလေးကို ဖွဖွလေးညစ်ပြီး ချော့ပြောတော့ ထိုကလေးသည် ကိုယ့်အား မျက်စောင်းထိုးကြည့်နေလေရဲ့။

"ဖေကြီးကို မဟုတ်ပါဘူး။ ဖေလေးဂျောင်ဆူး ကို စိတ်ဆိုးနေတာ...."

"ဟမ်....."
သားလေးသည် ကျွန်တော့်ကို စိတ်ဆိုးနေတာတဲ့။ကိုယ်တိုင်တောင် ဘာမှ မလုပ်တာကြီးကို။ဘာတွေများကြောင့် စိတ်ဆိုးနေပါလိမ့်..

"ဖေလေး က ဘာအမှားလုပ်မိလို့လဲ..."

သူလေး မပြောပဲငြိမ်နေလေသည်။စိုးရိမ်ပြီး နောက်ထပ်မေးကြည့်တော့မှ အကြောင်းရင်းကို ပြောပြသည်။

"သားအတွက် ညီလေး၊ညီမလေးတွေ  မွေးမပေးလို့ ဖေလေးကို စိတ်ဆိုးတယ်။သားတစ်ယောက်တည်း အဖော်မဲ့တယ်။ညီလေး ညီမလေးတွေကို ချစ်ခင်ချင်တယ် ဖေလေး..မွေးပေး."

Crazy(complete)Where stories live. Discover now