" အချစ် ~~ ထတော့လေ ~~
ဒီနေ့ Appointment တစ်ခုရှိတယ်ဆို "" အင်း ~~ ခဏ "
နှစ်ယောက်အိပ်ကုတင်အကျယ်ကြီးကို
ဟိုဘက်လှိမ့် ဒီဘက်လှိမ့် ကာ
ချစ်စဖွယ်ကြောင်ဖြူ လေးလို တစ်အိအိ
ညည်းနေသော အနှီး ဖြူ လုံးလုံးလေးကို
မြင်မိပြီး ရယ်မိတော့ အပြာရင့်ရင့်
စောင်ခေါင်းထဲကနေ ခေါင်းပြု ကာ
သူ့မူပိုင် မျက်စောင်းခဲလေသည်" မနက်စောစောစီးစီး ~~ ကျက်သရေမရှိ
ရယ်မနေနဲ့ ဟန်နီ "" အယ် "
တံတားခင်းလာသော မျက်ခုံးတစ်စုံတွင်
အနည်းငယ်သော ရွဲ့စောင်းမှုနှင့်အတူ
ဖောင်းအိအိနှုတ်ခမ်းထွေးကို ဖိကာ
ကိုက်လာသော စိတ်အလိုမကျမှု ~~" ကလေးလို့ ပြောရင်လည်း
မကြိုက်ဘူး ~~ တစ်ခုခုဆို
ကောက်မယ်ဆိုတာချည်းဘဲ "" ဟန်နီ ~~ မင်းကအရင်
စတာနော် ~~ "ခွာချလိုက်သော အကာအကွယ်အောက်က
ရှုမငြီးဖွယ် စွဲမက်စရာ ကိုယ်ဟန်က
နူးညံ့ခြင်းထက် ခန့်ထည်သော
အသွင်ကိုဆောင်သည်အဆီပိုမရှိသည့်အပြင် အားကစားလိုက်စား
သောကြောင့် အလျှိုလျှို နေရာယူထားသော
ကြွက်သားဆိုင်အများစုကာ ညဖက်
ချစ်ရည်လူးတိုင်း အသည်းယားစွာ
ကိုက်ခဲမိသော အစိတ်အပိုင်းလည်းဖြစ်သည်ဦးခေါင်းကိုလှုပ်ရှားလိုက်တိုင်း
ဖွာခနဲကျလာသော အနက်ရောင်ဆံပင်
အုပ်အုပ်က မနက်ခင်း၏ အလှအပတစ်ပါးပင်အစအနောက်စကားများကြောင့် ရွှေစိတ်တော်
ညိုကာ မသိမသာ ဆူမဲ့မဲ့ဖြစ်နေသော
မျက်နှာထားက တစ်ခါတစ်လေသာ
မြင်ခွင့်ရသော အတွင်းစိတ်လှစ်ပြခြင်းသာ ~~ဤသူသည် ~~
လှပမှုနှင့်မဆိုင်
နူးညံ့မှုနှင့်မဆိုင်ခန်ထည့်ပြီး သြဇာအာဏာပြည့်မှီလှသော
ယောကျာ်းသားတစ်ဦးပင်ဖြစ်သည်
ВЫ ЧИТАЕТЕ
Living Together [ COMPLETE]
Фанфикနှစ်ဦးသဘောတူ Living Together နေရန် ဆုံးဖြတ်ထားပြီးမှ အချစ်နှင့် ပတ်သတ်မိကြလေသောအခါ