Start to Be Falling in Love

2.4K 202 8
                                    

" ​ဒေါက်​တာ ကျန်းရီရှင်း ​​ရောက်​​နေတယ်​ "

တစ်​မနက်​လုံး ​ခြေတို​အောင်​ ​ဆေးရုံအုပ်​ကြီး
နောက်​က အာရုံ​ကြောဌာန၏ ဌာနမှူးအ​နေနှင့်
လိုက်​ပါခဲ့ရသဖြင့်​ ရက်​ဆက်​အိပ်​​ရေးပျက်​ထား
သောအရှိန်​ အစားအ​သောက်​မမှန်​​သောအရှိန်
တို့​ကြောင့်​ ဂျူ တီခဏနားချိန်​ အိပ်​ရန်
ပြင်​မိ​သော်​လည်း ​သူနာပြု မ​လေး
တစ်​​ယောက်​၏ လာ​ရောက်​​ခေါ်ငင်​မှု​ကြောင့်
ဧည့်​သည်းနား​ဆောင်​တွင်​ ရှိမည်
ဖြစ်​​သော ထိုလူသားအား စိတ်​မကြည်​လင်​စွာ
ထွက်​​တွေ့ရသည်

" ဂျွန်​​မြောင်​ "

အမြဲလိုလို ထင်း​နေ​သော ပါးချိုင့်​ကို
ပိုနက်​​အောင်​ ချဲ့ထွင်​ရင်း ဂျွန်​​မြောင်​အား
အားရပါးရ ပြုံးပြ​နေ​သော ကျန်းရီရှင်းကို
မျက်​​မှောင့်​ကျုံ့ ပြပြီး ဘာလဲဟု
ပေးဆပ်​ ပြ​တော့ လက်​တစ်​ဖက်​က
ထမင်းချိုင့်​ဖြစ်​ဟန်​တူ​သော
အရာကို ​မြှောက်​ပြလာသည်

" ဘာလဲ ?? "

" ထမင်းချိုင့်​​လေ ဂျွန်​ "

" ငါ့ကို ဂျွန်​လို့မ​ခေါ်နဲ့ ကျန်းရီရှင်း "

" အာ ~~ ​ဆောရီး ~~ ငါစိတ်​​လောသွားလို့ "

" ထမင်းချိုင့်​လာပို့တာမဟုတ်​လား ~~
ငါ့ဆီ​ရောက်​ပြီ ပြန်​​တော့ "

ရီရှင်းလက်​ထဲက ချိုင့်​ကို လှမ်းယူပြီး
လေသံ​အေးနှင့်​ ဂျွန်​​မြောင်​ နှင်​​တော့
နာကျင်​သွားဟန်​ဖြင့်​ ခပ်​​ဆွေး​ဆွေး
ငေးကြည့်​လာ​သော မျက်​ဝန်းကို
လျစ်​လျူ ရှုကာ မျက်​နှာတစ်​ဖက်​လွှဲလိုက်
သည်

" မင်းစားပြီးမှ ငါပြန်​မှာ ~~
မဟုတ်​ရင်​ မင်း​နေ့လည်​စာ ဒီအတိုင်း
လွှတ်​လိုက်​မယ်​ မဟုတ်​လား ~~
ငါ့​ရှေ့မှာစားပြ ~~ မဟုတ်​ရင်​ ~~
မပြန်​ဘူး ~~ "

" ကျစ်​ !!! "

ဂျယ်​ဖြင့်​ ပိပိရိရိလှန်​တင်​ထား​သော
ဆံပင်​အား စိတ်​ရှုပ်​ရှုပ်​နှင့်​ ထိုးဖွ​နေ​တော့
နှဖူး​ပေါ် ကျလာ​သော ဆံပင်​အချို့အား
ရီရှင်း ပြန်​သပ်​တင်​​ပေးလိုက်​သည်

Living Together [ COMPLETE] Where stories live. Discover now