The Beautiful Morning

2.1K 170 9
                                    

" ဟင်​ ~~ ဂျွန်​​မြောင်​ "

အင်္ကျီ​တောင်​ မလဲထားဘဲ ​​ခြေပစ်​လက်​ပစ်
မှောက်​အိပ်​​နေ​သော ဂျွန်​​မြောင်​ကို ရီရှင်း
နိုးနိုးခြင်း ​တွေ့လိုက်​ရ​တော့ အမှန်​တကယ်​ပင်
အံ့သြသွားသည်

ဘယ်​အချိန်​ထဲက ဤပုံစံအတိုင်း အိပ်​​ပျော်​​နေမှန်း
မသိ​သောကြောင့်​ နိုးလာသည့်​အခါ ရင်​ဘက်
နာ​နေမည်​စိုး၍ ခန္ဓာကိုယ်​ကို အသာပြင်​​​ပေးပြီး
ခေါင်းအုံးပါ ခု​ပေးကာ ​စောင်​အပါး​ကိုပါ
ခြုံ​​ပေးလိုက်​သည်

" ရီရှင်း !! "

" အာ ~~ ပြန်​အိပ်​​လေ ~~ အ​စောကြီးရှိ​သေး
တယ်​ ~~ "

" အင်း ~~ "

အအိပ်​ဆက်​​သော ဂျွန်​​မြောင်​အကျင့်​ကို
သိ​နေသဖြင့်​ မည့်​သည့်​အ​နှောက်​အယှက်​မှ
မရှိရ​လေ​အောင်​ ဆိုဖာ​ပေါ် သွားအိပ်​ရန်
ပြင်​​နေ​သော ရီရှင်းကို

အိပ်​ရင်းဘဲ
ယောင်​​နေသလား ~~ သို့တည်းမဟုတ်
အိပ်​ချင်​မူးတူး ဖြစ်​​နေသည့်​အတွက်
ကြောင့်​ဘဲလား ~~ မသိ ~~

လက်​ကိုဖမ်းဆွဲကာ ပြန်​မလွှတ်​​ပေး​​တော့ ~

" ငါ ပင်​ပန်း​နေတယ်​ ရီရှင်း ~~
အဲ့ဒါ​ကြောင့်​ အနားမှာ မင်းရှိ​နေ​ပေး "

ချောင်​ကျ​နေ​သော ပါးပြင်​ နှင့်
မျက်​ကွင်းညိုက အိပ်​​ရေးပျက်
ထား​သောညများအား ​ရေတွက်​ခိုင်း
နေသလို ~~

" ပြန်​အိပ်​​တော့ ~~ "

" မနက်​ဖြန်​ ငါ့နားရက်​ ရီရှင်း "

မည်​သည်​ကို ဆိုလိုမှန်း
အဘယ်​ကို ​ပြောချင်​မှန်း
တွေး​တော​နေစဉ်​ ~~

ဂျွန်​​မြောင်​က​တော့ ရီရှင်းလက်​ကို
ကိုင်ကာ စိတ်​ချလက်​ချ ပြန်​အိပ်​​ပျော်​သွား​လေ
သည်

ရီရှင်းသာ ရုန်းလိုက်​လျှင်​ ဂျွန်​​မြောင်​ပြန်​နိုး
သွားမည်​စိုး​သော​ကြောင့်
လက်​​ကောက်​ဝတ်​အား , အားထည့်​ကိုင်
ထားသည့်​ ဂျွန်​​မြောင့်​ လက်​ဖမိုးကို
ငုံ့နမ်းကာ ကုတင်​​ပေါ် ပြန်​လှဲချလိုက်​သည်

Living Together [ COMPLETE] Where stories live. Discover now