What Is Love ???

2.2K 193 10
                                    

လှုပ်​လီလှုပ်​လဲ့ ပွင့်​လာ​သော မျက်​ခွံ​ဖောင်း​ဖောင်း
ပေါ် ဖွဖွ​လေးတစ်​ချက်​နမ်း​တော့ နှာ​ခေါင်းရှုံ့ ကာ
တစ်​ဖက်​လှည့်​သွား​သော မင်​​ဆော့ ကို
ဂျုံ ဒယ်​ ​​နောက်​က​နေ သိုင်းဖက်​ပြီး
မနူးညံ့​သော်​လည်း ကြည်​လင်​​နေ​သော
ပခုံးသား​ပေါ် ကိုက်​ချလိုက်​သည်

" သူ့အသားမဟုတ်​တိုင်း ~~ အရမ်းကိုက်
တာဘဲ ~~ "

မ​ပေါက်​သွားသည့်​တိုင်​ နီရဲတက်​လာ​သော
နေရာကို လက်​ဖြင့်​ပွတ်​ရင်း ဂျုံ ဒယ်​အား
မ​ကျေမလည်​ဟန်​ဖြင့်​ စကားနာထိုး​လေသည်

" ပိုပြီ ~~ ဒီထက်​ ကြမ်းတာ​တောင်
အပြုံးမပျက်​တာကိုများ "

" ဟန်​နီ ~~ ​စကား​ပြောတာဆင်​ခြင်​ ~~
ကိုယ်​မကြိုက်​ဘူး ~~ "

ဂျုံ ဒယ်​ လက်​​မောင်းအတွင်းမှ ရုန်းထွက်​ကာ
ထထိုင်​လာ​တော့ြေ​ပ​လျော့ကျလာ​သော
အကာအကွယ်​​အောက်တွင်​ ဟိုတစ်​ကွက်
ဒီတစ်​ကွက်​ အနီစများ ~~

" နားရက်​တစ်​ပတ်​​လောက်​ယူပြီး ~~
ခရီးသွားရ​အောင်​လား အချစ်​ ~~
ကိုယ်​တို့ နှစ်​​ယောက်​အတူ
ညအိပ်​ခရီးမသွားရတာ ကြာပြီ "

" ရီရှင်းတို့ကိုပါ ​ခေါ်သွားရ​အောင်​ "

ကုတင်​​ပေါ်မှ ဆင်းရန်​ပြင်​ပြီးမှ
ဘာစိတ်​ကူး​ပေါက်​သွားလဲမသိ
ခေါင်းအုံးနှစ်​လုံးဆင့်​ကာ မှီထိုင်​​နေ​သော
ဂျုံ ဒယ်​ ​ပေါ်သို့ မင်​​ဆော့ လှဲချလိုက်​သည်

" အချစ်​ ထ​တော့မှာမဟုတ်​ဘူးလား ~~ "

" ဒီ​နေ့နားရင်​​ကောင်းမလားလို့ ~~
ဟန်​နီလည်း ခွင့်​ယူလိုက်​​လေ ~~ "

" ကင်​ မင်​ ​ဆော့ ရှိ ~~ ကိုယ်​က
သူ​ဌေးဆိုတာလည်း သတိရပါလား ~~ "

" ကိုယ်​နဲ့ ဟန်​နီ အတူ​နေတာကို
ကုမ္ပဏီ တစ်​ခုလုံးသိတာဘဲ ဘာဂရုစိုက်
စရာလိုလဲ ~~ ပြီး​တော့ ကိုယ်​က
ဟန်​နီနဲ့ တန်းတူ ပိုက်​ဆံရှာနိုင်​သူ
ဆိုတာ မ​မေ့နဲ့ "

မာနခဲ​တစ်​​ယောက်​ ​​ဒေါသပုန်​ထပြီး
ဂျုံ ဒယ်​ ကို ​အော်​ပါ​တော့သည်

Living Together [ COMPLETE] Onde histórias criam vida. Descubra agora