🏡 | Home

1.3K 214 39
                                    

🏡 Home 🏡

"ငါတို့အိမ်ပြန်မှာ ခရစ္စမတ်အမီနော် Baekhyun..."

"သိပါတယ်"

"၂၀၁၇ ခရစ္စမတ်နော်..."

"ဟုတ်ပါပြီ"

"၂၀၁၈ ခရစ္စမတ်မဟုတ်ဘူးနော် Byun Baek."

"ဟာ... ဘယ်လိုဖြစ်နေတုန်း"

Baekhyun က ပေါက်ပေါက်ဘူးကြီး ပေါင်ပေါ်တင်ကာ ဆိုဖာပေါ် မိန့်မိန့်ကြီးထိုင်နေရာမှ မျက်ခုံးတွန့်ချိုးပြီး လှည့်ကြည့်လာသည်။ ဖျတ်ခနဲဆို popcorn တွေဖြင့် လှမ်းပစ်ပေါက်တော့ Chanyeol ကြမ်းပြင်ပေါ် အလင်း၏ အလျင်ဖြင့် ထိုင်ချလိုက်ရသည်။ အရပ်ရှည်တာသည် ဒီလိုအခြေအနေမျိုးတွင်တော့ဖြင့် ဆိုးရွားလှသည်။ Baekhyun တစ်ခုခုဖြင့် ပစ်ပေါက်ပြီဆိုလျှင် Park Chanyeol ၏ ခြောက်ပေကျော် အရပ်အမောင်းကြီးသည် ပစ်မှတ်အကြီးကြီးတစ်ခုအလားကို ဖြစ်နေတာပင်။

"ဟာ... မနက်ဖြန်ဆိုရင်ပဲ သွားရတော့မယ်။ အထုပ်အပိုးတွေ မပြင်သေးလို့ ပြောနေတာကို"

"အထုပ်အပိုးက အရေးမကြီးဘူး။ Kdrama က အရေးကြီးတယ်။ ဒါပဲ"

Baekhyun က သူ့တီဗီဆီ ပြန်လှည့်သွားတော့ Chanyeol သက်ပြင်းချမိလိုက်သည်။

"ဒါဆို ငါအထုပ်ပြင်ပေးမယ်"

"Park Chanyeol... ငါ့ luggage ကို မထိနဲ့!"

Chanyeol မတ်တပ်ထရပ်ရပ်ခြင်းတွင် ပေါက်ပေါက်အစအနတွေက တဖတ်ဖတ်အသံဖြင့် သူ့ဆံပင်ထဲ ဝင်လာလေသည်။ Baekhyun က ဆိုဖာပေါ်မှ ချက်ချင်းခုန်ထလာကာ အိပ်ခန်းထဲသို့ ပြေးဝင်သွားလေသည်။

"မင်းမနှစ်ကလို ဖြစ်နေတာလား"

မနှစ်က အင်္ကျီတွေ မီးပူအတိုက်လွန်ပြီး ကျွမ်းကုန်တာကို Chanyeol မသိအောင် ဖုံးဖုံးဖိဖိလုပ်ခဲ့သည့် ဖြစ်စဉ်ကို သတိရတော့ Chanyeol မေးခွန်းထုတ်မိသည်။ Baekhyun က ဘာမှမပြောဘဲ တံခါးကို သော့ပိတ်ကာ တဂျစ်ဂျစ်ဖြင့် အလုပ်ရှုပ်နေလေသည်။

🏡 Home 🏡

"ဦးလေးကြီး... မြန်မြန်မောင်းပေးပါနော်"

Baekhyun က ဆယ်မိနစ်အတွင်း သုံးကြိမ်မြောက်ပြောသည့်အခါ တက္ကစီဦးလေးကြီးက အလိုက်သင့် ပြန်ဖြေသော်ငြား စိတ်ရှုပ်နေသည့်ပုံ။ Chanyeol နောက်ကြည့်မှန်မှ တစ်ဆင့် တက္ကစီသမားကို ပြုံးပြလိုက်ပြီးနောက်တွင် Baekhyun ကို မျက်စောင်းထိုးလိုက်၏။

Ephemeral || ChanBaek Drabbles Место, где живут истории. Откройте их для себя