🍻 | Drinks & Kittens

1.7K 271 16
                                    

🍻 DRINKS & KITTENS 🍻

"Chanyeol ရေ..."

"အင်း..."

"ငါကိုယ်ဝန်ရှိနေတာလားမသိဘူး"

"အမ်"

ကြားကြားချင်း Chanyeol လက်ထဲက ဘီယာပုလင်း လွတ်ကျတာ့မလို ဖြစ်သွားသည်။ Baekhyun က မျက်ခုံးတွေရှုံ့ကာ သူ့ဗိုက်သူ ကိုင်ကြည့်နေသည်။

"အွတ်... ဘာ... ဘာရယ်"

Chanyeol ကြို့ထိုးရင်း ပြန်မေးတော့ Baekhyun က နီရဲနေသော မျက်နှာဖြင့် မော့ကြည့်လာသည်။

"ငါ့ဗိုက်ထဲ ကြောင်ကလေးတွေ ရောက်နေတယ်"

သူတို့နှစ်ယောက် အချင်းချင်း မျက်လုံးအပြူးသားထြင့် ငေးကြည့်နေမိသည်။ Baekhyun ကတော့ အင်မတန် စိတ်ပူနေသော မျက်နှာထားဖြင့်။ Chanyeol ကတော့ ရယ်ရမလား၊ ငိုရမလား မသဲကွဲချေ။

"ကြောင်ကလေးတွေ?"

"အေး... တညှောင်ညှောင်နဲ့"

"Baekhyun... မင်းမူးနေတာလား"

"ဘာလို့လဲ"

Chanyeol "ကျွတ်ခနဲ" စုတ်တစ်ချက်သပ်လိုက်၏။

"ဗိုက်ထဲမှာဆိုမှ ဘယ်အသံထွက်မှာလဲ! အပြင်ရောက်လာမှ အသံထွက်တတ်မှာပေါ့"

Baekhyun က ခဏတွေဝေသွားသည်။

"အေးနော်"

"တော်ပြီ။ မင်းထပ်မသောက်နဲ့တော့။ အင့်... အသားကင်စား"

Chanyeol အသားကင်ပန်းကန် ထိုးပေးပြီးတော့မှ ခေါင်းခါဖြစ်သည်။

"ဟင့်အင်း... အရွက်တွေလည်းစား။ ကြောင်လေးတွေ မင်းလိုပဲ သခွားသီးမုန်းလို့မဖြစ်ဘူး"

"ဘာလို့လဲ"

Chanyeol အသားတစ်တုံးကို ဆလတ်ရွက်နှင့် ထုပ်ကာ Baekhyun ပါးစပ်ထဲ ထိုးထည့်ပေးလိုက်သည်။

"ငါတစ်ယောက်တည်း စားမကုန်ရင် သခွားသီးတွေ ချကျွေးလို့ရတာပေါ့"

"ဪ... ဟုတ်သားပဲ..."

Baekhyun က ပလုတ်ပလောင်းဝါးစားရင်း ခေါင်းတညိတ်ညိတ်။

Chanyeol သူ့ဆံပင်တွေကို ဖွရင်း ပြုံးမိသည်။ Baekhyun ကတော့ ထုံးစံအတိုင်း တစ်ခွက်တည်းနှင့် မူးပြီဆိုတာ Chanyeol အသိ။ သိဆို ကြောင်တွေက သခွားသီးမှ မစားတာကိုး။

🍻 DRINKS & KITTENS 🍻





NOTE
App ကြောင်နေပြီး publish လုပ်မရဘူး ဖြစ်နေလို့ပါ... ရေးပြီး သိမ်းထားလိုက်တာ အရမ်းကြာသွားတော့ မေ့သွားရော 😑 미안해요 ㅠ ㅠ

xoxo #Helen

Ephemeral || ChanBaek Drabbles Donde viven las historias. Descúbrelo ahora