❄ | Winter In Your Eyes

576 130 16
                                    

❄ Winter In Your Eyes ❄

နှင်းတွေ တဖွဲဖွဲကျနေသော ညတစ်ညတွင် Baekhyun သူ့ကို တွေ့ခဲ့သည်။

ခြေကျင်းဝတ်အထိ ရှည်လျားသော padding ကုတ်အင်္ကျီကြီးကို ဝတ်ထားသည့်တိုင်အောင် အအေးဓာတ်က အကဲပိုလွန်းသောကြောင့် Baekhyun ကြိုက်သည့် ကော်ဖီဆိုင်ရှေ့ ရောက်သည့်အခါတွင်တော့ ချက်ချင်း ဆိုင်ထဲ ဝင်လိုက်မိ၏။

Christmas နီးပြီဖြစ်သောကြောင့် Christmas decoration များဖြင့် ပြည့်နှက်နေသည့် ကော်ဖီဆိုင်ထဲတွင် Baekhyun သဘောအတွေ့ဆုံးက မီးလုံးလေးတွေကို ကြိုးဖြင့်သီထားသည့် fairy lights လှလှလေးတွေဖြစ်သည်။ Heater ဖွင့်ထားသောကြောင့် နွေးထွေးနေသော ကော်ဖီဆိုင်က ထိုမီးလုံးရောင်တွေကြောင့် ပိုမို နွေးထွေးသွားသလိုပင် ဖြစ်၏။

Baekhyun ဆိုင်ထဲဝင်ဝင်ချင်း ခေါင်မိုးမှ မီးသီးလေးတွေကို လည်ပင်းတစ်ဆုံး မော့ကြည့်ကာ တစ်ပတ်လှည့်လိုက်မိသည်။ နောက်တစ်စက္ကန့်တွင်တော့ Baekhyun ၏ မာဖလာတစ်ထည်လုံး ကော်ဖီတွေဖြင့် စိုရွှဲကုန်ခဲ့၏။

"တောင်းပန်ပါတယ်! ကျွန်တော် မမြင်လိုက်လို့ပါ!"

Baekhyun ဘယ်လိုမှ တုံ့ပြန်ဖို့ အချိန်မရသေးခင် ရှေ့မှလူက သူ့မာဖလာမှ ကော်ဖီစက်တွေကို တစ်ရှုးဖြင့် သုတ်ချပေးနေခဲ့သည်။ Baekhyun မာဖလာကို ဆွဲဖြုတ်လိုက်၏။

"ရပါတယ်။ ကျွန်တော်က ကြည့်ပြီး မလျှောက်မိလို့..."

"မဟုတ်တာ! ကျွန်တော့်ဘက်က မှားတာ။ ခင်ဗျားရဲ့ မာဖလာ ညစ်ပတ်သွားပြီ!"

Baekhyun အားတုံ့အားနာဖြင့် "ရပါတယ်"ဆိုသော အကြည့်ဖြင့် မော့ကြည့်လိုက်သည့်အခိုက်တွင် တောက်ပနေသော မျက်လုံးတစ်စုံနှင့် ဆုံလိုက်ရသည်။ နဖူးပေါ်သို့ ခပ်ရိပ်ရိပ်သာ ဝဲကျနေသော ဆံပင်တွေ၏ အောက်ဘက်မှ မျက်ဝန်းညိုညိုတွေထဲ၌ Baekhyun ချစ်သည့် fairy lights တွေမှတစ်ဆင့် ရောင်ပြန်ဟပ်နေသည့် မီးလုံးများ ရှိနေခဲသည်။

ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခြင်းအစ မျက်စိကဆိုသော စကားပုံအား Baekhyun ကောင်းကောင်းကြီး ယုံကြည်သွားခဲ့၏။

Winter In Your Eyes

Chanyeol သူ့ကို တွေ့သည့်နေ့က အရပ်ရှစ်မျက်နှာလုံး ဖြူဖွေးနေခဲ့သလို လမ်းမတွေမှာလည်း နှင်းတွေဖြင့် ပြည့်နှက်နေခဲ့သည်။

Ephemeral || ChanBaek Drabbles Место, где живут истории. Откройте их для себя