🛏| Pillow Talk

1.2K 201 9
                                    

🛏 Pillow Talk 🛏

တစ်​နာရီ ဆယ့်​သုံးမိနစ်​ဟု ​ပေါ်​နေ​သော ဒီဂျစ်​တယ်​နာရီကို မျက်​လုံးအ​ကြောင်​သားဖြင့်​ ​ငေးကြည့်​​နေမိ​သော Baekhyun သည်​ သူ့​နောက်​မှ ချွတ်​ခနဲ အသံကို ကြားလိုက်​ရသည့်​အခါ Chanyeol လည်း အိပ်​​မ​ပျော်​​သေးဘူးဟု သိလိုက်​ရသည်​။

Chanyeol က ဒီဘက်​လှည့်​လာပြီး Baekhyun ၏ နားရွက်​နားတွင်​ အသက်​ရှူထုတ်​​နေသည့်​အခါ Baekhyun တံ​တောင်​ဖြင့်​ လှမ်းတွတ်​လိုက်​၏။

"ယားတယ်​"

"အင်း... အင်း"

Chanyeol က ဟိုဘက်​လှည့်​သွားကာ အိပ်​ရာခင်းကို လက်​သည်းဖြင့်​ ကုတ်​​နေသည်​။ တရွှိရွှိနှင့်​ နားညည်း​နေခြင်းကို သည်းမခံနိုင်​သည့်​အဆုံး Baekhyun သက်​ပြင်းချမိလျက်​သား။

"​မေးကွာ... ​မေးစမ်း!"

🛏 Pillow Talk 🛏

သူတို့ ရည်းစားသက်​ သုံးနှစ်​​ကျော်​​ကျော်​တွင်​ အိမ်​တစ်​အိမ်​ထဲသို့ အတူတူ ​ပြောင်း​နေ​တော့မှပင်​ Baekhyun သည်​ တစ်​ခါမှ မသိခဲ့ဖူး​သော Chanyeol ၏ အကျင့်​တစ်​ခုကို သိလိုက်​ရသည်​။

Chanyeol သည်​ ထူးဆန်း​သော ​မေးခွန်း​တွေ ​မေးပြီးမှ အိပ်​​လေ့ရှိသည်​။ တစ်​ခါတစ်​​လေ ထို​မေးခွန်း​တွေက​နေ ဟို​​ရောက်​ဒီ​ရောက်​ဖြင့်​ ဒိုင်​နို​ဆော​ခေတ်​အ​ကြောင်းကို ​ရောက်​သွားတာမျိုးလည်း ရှိသည်​။ Baekhyun အစက​တော့ မသိ။ စိတ်​လှုပ်​ရှား​သော​ကြောင့်​ ​တောင်​စဉ်​​ရေမရ​ လျှောက်​​ပြော​နေသည်​ဟု ထင်​ခဲ့ဖူးသည်​။ တစ်​လတိတိ အဲ့အတိုင်းဖြစ်​​နေ​တော့မှ သူ့အကျင့်​ဆိုတာကို သိရ​တော့သည်​။

မ​နေ့က​တော့ Baekhyun အလုပ်​ကိစ္စကို လက်​စသတ်​​နေချိန်​တွင်​မှ Chanyeol က ​ဘေးက​နေ လာ​ပြော​နေတာမို့ Baekhyun ထ​အော်​လိုက်​မိသည်​။

ဒီ​နေ့ Chanyeol တိတ်​ဆိတ်​​နေပြန်​​တော့လည်း သူတို့ အိပ်​လို့ကို မရ​တော့​ပေ။ ​နောက်​ဆုံး အိပ်​ရာခင်းကိုပါ ကုတ်​​နေသည့်​အခါ Baekhyun သက်​ပြင်းချမိလိုက်​သည်​။

Ephemeral || ChanBaek Drabbles Donde viven las historias. Descúbrelo ahora