" Angel တစ်ယောက်ရဲ့ ကျိန် စာ "
Part - 3
* * * * * * * * * * * * * *'' အစ်ကိုလေး အစ်ကို သွန်းစစ်''
''အေး မောင်ဝိုင်း ပြော"
"ကျွန်တော့်အမေ မူးလဲသွားလို့ ကယ် ပါ ဦး ဗျာ"
မောင်ဝိုင်းက ရပ်ကွက်ထဲမှာ တောက် တို မယ် ရ လုပ်စားနေတဲ့ ကောင်လေး
အိမ်ငှားနဲ့နေပြီး ရောဂါသည်မိခင်အိုကြီးကို လုပ်ကျွေးနေသည်''အေး ဒါဆို ဆေးရုံပို့မယ်လေ''
''အစ်ကိုရာ ကျွန်တော့်မှာ taxi ဖိုးတောင် မတတ်နိုင်တာဗျာ ကျွန်တော်ဘယ်လိုလုပ်ရမလဲအစ်ကို''
''အေးကွာ ငါလဲ ပိုက်ဆံက သင်တန်း fee အကုန်သွင်းလိုက်လို့ပြတ်နေတယ်
ဒီလိုလုပ်ကွာ ငါ့အိမ်ဂရန်ကို ပေါင်ပေးမယ်
မင်း လိုတဲ့ ပိုက်ဆံကို ယူ ပြီးမှ ပြန် ဆပ် ပေါ''့ကိုယ့်ညီအရင်းလို ခင်ရတဲ့လူ ယုံကြည်ရတဲ့သူဆိုတော့လည်း ပစ်မထားရက်ပေ။
အဲဒါနဲ့ ရပ်ကွက်ထဲက လူကြီးကို သက်သေထားပြီး သွန်းစစ် အိမ်ဂရန်ကို ပေါင် ပေးလိုက်ပေမယ့်
ပိုက်ဆံတစ်သိန်းခွဲ ခန့်သာ ကုန်သွားတယ်
မောင်ဝိုင်းအမေရဲ့အသက် ကို မကယ်တင်နိုင်ခဲ့ပါ။
ဒီတော့ သဂြိုလ်စရိတ်ပါ ထပ်ထုတ်ပေးခဲ့ရသည်
အကြွေးက လေးသိန်းနီးပါ တင်သွားသည်
ကူငွေနဲ့ဘာနဲ့ဆိုတော့ တစ်ဝက်တော့ ပြန်ဆပ်နိုင်ခဲ့သည် ။မောင်ဝိုင်း က မျက်ရည်ကျပြီး သွန်းစစ်ကို ကန်တော့ပြီး ကျေးဇူးတင်ကြောင်း တဖွဖွ ပြောနေသည်
အကြွေးကိုလဲ သူ မှန်မှန်ဆပ်ပေးမယ့်အကြောင်း ပြောသွားသည်…………………………………………………………………………
ဒီ နေ့ အလုပ်ပိတ်ရက်မိုလို့
သွန်းစစ် လှည်းတန်းကို ထွက်လာလိုက်သည်
စည်သူ့ကို အကျီင်္ ပြန်ပေးရမည်
ဟူးးး လွယ်တော့ မလွယ်လှပါ
နေ့လည်ပိုင်း ဆယ်နာရီလောက်ဆို မြို့ထဲမှာ ကားတွေ အရမ်းပိတ်သည်။ အချိန်ကုန်လှသည်
အေးပေါ့ taxi ငှားမစီး နိုင်
ကိုယ်ပိုင်ကားလဲ ဝယ်မစီးနိုင်တော့
bus ပေါ်ပဲ ထိုင် စောင့် နေ တော့ကွာ……
YOU ARE READING
Angel တစ်ယောက်ရဲ့ ကျိန်စာ
Romance* * * * * * * * * * * * * * * * * ဘုရားက Gay ဆိုတဲ့ လူသားကို ဖန်ဆင်းပေးခဲ့တယ်။ ဒါဆို ... သစ္စာတရားမပါတဲ့ အချစ်တစ်ခုကရော Angel တစ်ယောက် ရဲ့ ကျိန်စာတွေလား ...? ကျွန်တော်ကတော့ ဘုရားသခင် ဖန်ဆင်းပေးလိုက်တဲ့ Gay တစ်ယောက...