Part - 6 (END)

871 39 0
                                    

" Angel တစ်ယောက်ရဲ့ ကျိန် စာ "

                Part - 6 (END)

*   *   *   *   *   *   *   *   *   *   *   *   *   * 


ည ...  လှည်းတန်းရောက်တော့
စည်သူ့ဘော်ဒါဆီ ဖုန်းဆက်​လိုက်​ပြီး
ခဏကြာတော့ သူ ရောက်လာသည်။

''ကို သွန်းစစ်''

''ဟုတ်ကဲ့ဗျ''

''ကျွန်တော် သူရ ပါ
စည်သူ တကယ်တော့ ဒီအလုပ်ကို လုပ်ဖြစ်တာ ကျွန်တော့် ပယောဂ မကင်းပါဘူး
သူ အဆင်မပြေ ဖြစ်တဲ့အချိန် မှာ
ကျွန်တော် အဲဒိ အလုပ် လုပ်ဖို့ ဖိအားပေးခဲ့တာပါ
သူ နောက်ပိုင်းမှာ ဦးမိုးထူးနဲ့တွေ့ပြီး sponsor ရလာတယ်ပေါ့ဗျာ

ဒါ​ပေမယ့် လွန်ခဲ့တဲ့သုံးလ​လောက်ကစပြီး သူမှာ ချစ်ရမယ့်သူရှိတယ်ဆိုတာပြောလာတယ်ဗျ
ကျွန်တော်လဲ သူ့ကို တားပါတယ်
သူလဲ သူ့ဘာသာသူ ထိန်းပါတယ်
ဒါပေမယ့် အဲ့ကြားထဲကကို အကိုတို့ချစ်သူတွေဖြစ်သွားကြတယ်
ဒီအ​တောအတွင်း​မှာ သူ အဲ့အလုပ်ကို လုံးဝမလုပ်ခဲ့ဘူး
ဒါပေမယ့် အစ်ကိုက ​ငွေ​ကြေးပြသနာဖြစ်တော့
သူက ဦးမိုးထူးဆီက အကူအညီကိုယူလိုက်ရတယ် ဦးမိုးထူးကလဲ သူ့ကိုအကုန်ကူညီတယ်လေ

ဖြစ်ချင်တော့ မနေ့ညက ဦးမိုးထူး ရန်ကုန်လာတဲ့အချိန်နဲ့ အကို တွေ့သွားတာဗျာ
ဒါ​ပေမယ့် အကို့ကို ဖောက်ပြန်တဲ့စိတ်နဲ့ မဟုတ်ဘူး
သူက ဦးမိုးထူးကို တောင်းပန်ဖို့နဲ့ သူ့ကိုခွင့်လွှတ်ပေးဖို့ပြောမလို့တွေ့တာဗျ
ဒါကို အကိုက မြင်သွားတော့ ပြသနာတွေက ပိုရှုပ်သွားတာပေါ့ဗျာ ။

အကို့ကို ဖိုးစည်က တော်တော်ချစ်တာပါ
ဖိုးစည်ဆိုတာ သူ့ရဲ့ ငယ်နာမည်လေ
ကဲပါ ... အစ်ကို စိတ်လျှော့ပါ
သူ အရင်က ဖြစ်ခဲ့ပေမယ့် အကိုနဲ့တွေ့ပြီးနောက်ပိုင်းမှာ သူ ထိန်းသိမ်းခဲ့တယ်
အကို့အတွက် သူ ဖြူစင်​အောင်​နေခဲ့တယ်
သူ့ ရုံးအလုပ်က ရတဲ့လစာကိုတောင် စုဗူးလေးထဲထည့်စု​နေတာ အစ်ကိုအတွက်ဆိုပြီး
အဲ့​လောက်တောင် ချစ်တဲ့သူပါဗျာ "

" ဒါဆို ခု … အခု သူရော "

" သူ အခုက ဦးမိုးထူး ပေးခဲ့တဲ့ပိုက်ဆံတွေကို ပြန်ပေးဖို့ ပဲခူးလိုက်သွားတယ် ပြန်လာနေပြီပြောတယ်
ဒီကပဲ စောင့်​နေလိုက်​လေ၊ သူ ခဏနေ လာလိမ့်မယ် "

Angel တစ်ယောက်ရဲ့ ကျိန်စာOpowieści tętniące życiem. Odkryj je teraz