" Angel တစ်ယောက်ရဲ့ ကျိန် စာ "
Part - 5
* * * * * * * * * * * * * *''စည်သူ ... မင်း ငါနဲ့လိုက်ခဲ့''
သွန်းစစ် စိမ်းစိမ်းကားကား ကြည့်ပြီး အောက်ဆင်းလာခဲ့သည်၊
''အစ်ကို ဘာဖြစ်တာလဲဗျ''
''မင်း ငါ့ကိုပြောတော့ ဒီညမအားဘူးဆို
အဲ့ဒါ မင်းကို ချိန်းတဲ့ကောင်တွေနဲ့ တွေ့ဖို့လား
ပြီးတော့ မင်းက .... ငါ ပြောတောင်မထွက်ဘူးကွာ
မင်းက အဲဒါ အဲဒါ ဟုတ်လားကွာ
ငါဘယ်လောက် တန်ဖိုးထားတယ်
မင်းကိုချစ်တယ်ဆိုတာသိရဲ့ နဲ့
ငါ နားခိုတဲ့ရင်ခွင်က လူတစ်ကာဝင်နားတဲ့
ဇရပ်တစ်ခုလားကွာ
မင်းကွာ ... မင်းးးးး ''''အစ်ကို ကျွန်တော်ရှင်းပြ ''
''တော်ပြီ ဘာမှရှင်းပြမနေနဲ့တော့ မင်းလိုလူတစ်ယောက်ဆီက ဘာစကားမှ အမှန်ထွက်လာမှာမဟုတ်ဘူး''
''အစ်ကို''
''ဟေ့ကောင် ငါ့လက်ကိုလွှတ်''
သွန်းစစ် စည်သူ့လက်ကို လွှတ်ပြီး
ကမ်းနားလမ်းဆီသို့ထွက်လာသည်။
ခံပြင်းမှု နာကျည်းမှု ဒေါသထွက်မှုတွေနဲ့အတူ
မျက်ရည်တွေပါ ထွက်လာသည်။''အစ်ကို ... အစ်ကို''
သွန်းစစ် taxi တစ်စီးကို မြန်မြန် တားလိုက်ပြီး
ထွက်လာခဲ့သည်။ဘာလို့ သူလုပ်ရက်တာလဲကွာ ...။
အိမ်ပြန်ရောက်တော့ အိမ်ရှေ့ မှာ လှဲနေလိုက်သည်
ဘာမှ မသိချင်တော့ဘူးကွာခဏ ကြာတော့
" အစ်ကို အစ်ကို "
ဟာာ ... စည်သူလိုက်လာတာပဲ ။
"အစ်ကို တံခါးဖွင့်ပေးနော်
ကျွန်တော် တံခါး မဖွင့်မချင်း ထိုင်စောင့်နေမှာနော်"" ဟာာ ကွာ ... "
…………………………………………………………………………
သွန်းစစ် ဘာလုပ်ရမှန်းပင် မသိတော့
''အစ်ကို တံခါးဖွင့်ပေးဗျာ
ကျွန်တော်ရှင်းပြတာ နားထောင်ပေးပါဦး''သွန်းစစ် ထွက်လာလိုက်သည်
''စည်သူ မင်းပြန်တော့ ငါက ပတ်ဝန်းကျင်နဲ့နေတာကွ
မင်းငါ့ကို အရှက်လိုက်ခွဲနေတာလား''
KAMU SEDANG MEMBACA
Angel တစ်ယောက်ရဲ့ ကျိန်စာ
Romansa* * * * * * * * * * * * * * * * * ဘုရားက Gay ဆိုတဲ့ လူသားကို ဖန်ဆင်းပေးခဲ့တယ်။ ဒါဆို ... သစ္စာတရားမပါတဲ့ အချစ်တစ်ခုကရော Angel တစ်ယောက် ရဲ့ ကျိန်စာတွေလား ...? ကျွန်တော်ကတော့ ဘုရားသခင် ဖန်ဆင်းပေးလိုက်တဲ့ Gay တစ်ယောက...