" Angel တစ်ယောက်ရဲ့ ကျိန် စာ "
Part - 4
* * * * * * * * * * * * * *
''အစ်ကို ကျွန်တော့်ကို စိတ်ဆိုးသွားတာလား''
''မဆိုးပါဘူးကွာ ငါ အံ့သြနေမိတာ ...
ဘာလို့ အချိန်တိုလေးအတွင်းမှာ ချစ်သွားတာလဲ
ပြီးတော့ ငါ့တို့က ယောကျာ်းတွေလေကွာ ''''ကျွန်တော်လဲ မပြောတတ်တော့ဘူး
အစ်ကို့မျက်ဝန်းတွေက ကျွန်တော့်အပေါ်
နွေးထွေးနေတယ်လို့ ကျွန်တော်ခံစားမိတယ်
ပြီးတော့အချစ်တစ်ခု ဖြစ်တည်ဖို့အတွက် အချိန်ကန့်သတ်ချက်မလိုပါဘူး
တစ်ခဏနဲ့လဲ နှလုံးသားတစ်ခုကို တစ်ဘဝစာလဲနိုင်ပါတယ်''''အင်း ပြီးတော့''
''ကျွန်တော် အစ်ကို့ကို မြင်မြင်ချင်း ချစ်သွားတာဗျ ကျွန်တော် ဖွင့်ပြောရင် ကောင်းမလား အကြိမ်ကြိမ်စဉ်းစားခဲ့တယ်
အခု စိတ်မထိန်းနိုင်တော့လို့ ပြောမိတာပါဗျာ
ကျွန်တော် ဒီစကားပြောရင် အထိုးခံရပြီလို့ထင်တာ
ဒါပေမယ့် နှလုံးသားရဲ့ စေခိုင်းမှုကို
ကျွန်တော် မလွန်ဆန်နိုင်ခဲ့ဘူး
ဖြစ်နိုင်ရင်လေ ကျွန်တော့်ကို ပြန်ချစ်ပေးပါလားဗျာ''တိတ်ဆိတ်ခြင်းက လူနှစ်ယောက်ကြားသို့
ဝင်ရောက်လာခဲ့သည် ။
အတန်ကြာသောအခါ သွန်းစစ်က''တူညီနေတဲ့ နှလုံးသားတစ်စုံကနေ
တူညီတဲ့ချစ်ခြင်းတစ်ခု ပေါ်ထွက်လာတာ မဆန်းပါဘူးကွာ''''ဟာ .... ဒါ .. ဒါဆို
အစ်ကို ကျွန်တော့်ကို ပြန်ချစ်တယ်ပေါ့နော်''''အင်း ချစ်တယ်''
"ဟားးးး " ဆိုပြီး သွန်းစစ်ကို ဆွဲဖက်လိုက်သည် ။
"ဟေ့ ကောင် လူ တွေနဲ့ "
" ဟာ ဟုတ်သားပဲ ဟီးးးးး "
အမြဲ တမ်း ရင်ခုန်ဖွယ်ကောင်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရည်းစားဟာ
သူဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထဲပင် တွေးမထားခဲ့မိပါအပြန်လမ်းမှာ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း ပတ်ဝန်းကျင်ကို မေ့ထားခဲ့ကြသည်။
BINABASA MO ANG
Angel တစ်ယောက်ရဲ့ ကျိန်စာ
Romance* * * * * * * * * * * * * * * * * ဘုရားက Gay ဆိုတဲ့ လူသားကို ဖန်ဆင်းပေးခဲ့တယ်။ ဒါဆို ... သစ္စာတရားမပါတဲ့ အချစ်တစ်ခုကရော Angel တစ်ယောက် ရဲ့ ကျိန်စာတွေလား ...? ကျွန်တော်ကတော့ ဘုရားသခင် ဖန်ဆင်းပေးလိုက်တဲ့ Gay တစ်ယောက...