အပိုင်းတို

16.9K 486 16
                                    

Zawgyi>>>




"ဟူး...."







ဒါပေမဲ့လေ...



****************************

Unicode>>>

မိုးလင်းခါစနေရောင်ခြည်ဟာ သူ့ထံဖြာကျလာခဲ့တယ်...နိုးထရတဲ့မနက်ခင်းလေးက အရင်နဲ့မတူစွာ နာကျင်မှုတွေပြည့်နှက်နေတာမို့ အောက်နှုတ်ခမ်းကိုအသာဖိကိုက်ထားမိသည်

ကျွန်တော့်ခါးပေါ်က Hyung ရဲ့လက်ကိုအသာဖယ်လိုက်ရင်း အိပ်ပျော်နေတဲ့ Hyung မနိုးစေရန်ခြေသံဖွဖွနဲ့သာအခန်းထဲက ထွက်လာခဲ့မိတယ်...

နာကျင်မှုတွေကြောင့် ကျွန်တော့်ပါးပြင်မှာမျက်ရည်တွေပြည့်နှက်နေမှာ သိပေမဲ့ အားတင်းကာလျှောက်လာခဲ့မိတယ်
ခြေတစ်လှမ်းလျှောက်တိုင်းနာကျင်မှုက လှိုက်တက်လာတာမို့ နှုတ်ခမ်းကိုသာဖိကိုက်ထားရင်း....

"ဟူး...."

မှန်ရှေ့တွင်တွေ့နေရသောကျွန်တော်သည် အရင်ကကျွန်တော်မဟုတ်နိုင်တော့....
ကိုယ့်ပထွေးရဲ့သားနဲ့ပက်သက်ခဲ့တဲ့သူ...
လူပျိုစင်စစ်မဟုတ်တော့ဘူး...

ကျွန်တော့်ရဲ့ virgin life ကိုဒီလိုပုံစံနဲ့ပေးလိုက်ရတာ ဖြစ်သင့်ရဲ့လား??

လည်ပင်းနဲ့ရင်ဘတ်တစ်လျှောက်မှာတွေ့နေရတဲ့ အနီကွက်တွေကိုကြည့်ရင်း လက်သီးကိုတင်းတင်းဆုပ်ထားမိတယ်
ဖြစ်လာမဲ့အကျိုးဆက်တွေကို ကျွန်တော်ခံနိုင်ရည်ရှိမည်တဲ့လား??

Hyung ကကျွန်တော့်ကိုဘာလို့တန်ဖိုးမထားတာလဲ??ကျွန်တော့်အတွက်ပထမဆုံးအကြိမ်ကို ဒီလိုအညှာတာကင်းမဲ့စွာ Hyung ဆီက rape ခံရလိမ့်မယ်လို့တစ်ခါတောင်မတွေးခဲ့ဖူးဘူး

ဟင့်အင်း...အဲ့လိုမဖြစ်ခဲ့ဘူးလို့ပဲသဘောထားလိုက်မယ် Hyung လဲ....Hyung လဲမှတ်မိချင်မှာမဟုတ်ဘူး ကျွန်တော်လဲမေ့ပစ်ထားလိုက်မယ်...

ကျွန်တော်တို့နှစ်ယောက်ကြားက စည်းတွေကို ဘယ်လိုလွန်ဆန်လို့ရမှာတဲ့လဲ?? Hyung ရဲ့ပျော်ရွှင်မှုအတွက် ပေးဆပ်ရတယ်လို့ပဲမှတ်ယူလိုက်ပါ့မယ်

ဒါပေမဲ့လေ...

Hyung အတွက်ကျွန်တော်က ခဏတာသာယာမှုအတွက် အဖြည့်ခံလူတစ်ယောက်ဖြစ်ခဲ့တာလား??

ဆိုပြီးတွေးမိလေတိုင်း နာနာကျင်ကျင်ပြုံးမိပါရဲ့...
လိုရာသုံး ကကြိုးရုပ် တစ်ရုပ်ဟာ သူကြိုးဆွဲရာကပြရုံကလွဲပြီးဘာတွေတတ်နိုင်မှာတဲ့လဲ???

****************************

ကျကိဳးရုပ္ Where stories live. Discover now