Zawgyi>>>
မီးဖိုချောင်ထဲတွင် Chan တစ်ယောက်တည်းအလုပ်ရှပ်နေသည်ကို အနောက်ကထိုင်ကြည့်နေတဲ့ Baekhyun...
ဟိုကောင်လေးကတော့ သူ့အာရုံနဲ့သူ Baekhyun နိုးလာတာတောင် သိပုံမပေါ်...
ပန်းကန်တွေဆေးနေတဲ့ကောင်လေးက ရုတ်တရပ်သူဘက်လှည့်လာတော့ ထိုင်နေတဲ့သူ့ကိုတွေ့၍ လန့်သွားရှာသည်..."H..hyung နိုးနေတာလား"
"အင်း မင်းကြောင့်လေ"
"ဗျာ?ကျွန်တော်ဘာ..ဘာလုပ်မိလို့လဲဟင်?"
မျက်လုံးလေးပြူးကာမေးသော ကောင်လေးကသူ့ကိုကြောက်နေဟန်...Baekhyun ဖြေးဖြေးချင်းလျှောက်သွားတော့ ခေါင်းလေးငုံ့ကာအနောက်ကိုဆုတ်နေသည်မှာ ဘေစင်နားကပ်သည်အထိ...
Baekhyun အသာပြုံးလိုက်သည်ကိုတော့ ကောင်လေးမြင်ပုံမပေါ်...ထို့နောက် ကောင်လေးနဖူးပြင်အား လက်ဖြင့်ခပ်ဖွဖွတောက်ကာ...
"ကိုယ်ဖက်ထားတဲ့မင်းကထသွားတော့ ဘယ်လိုလုပ်အိပ်ပျော်မှာလဲ?"
သူပြောလိုက်တော့ ဇက်လေးပုဝင်သွားကာ မျက်နှာလေးမဲ့သွားသည်...
"ဟို...ဟို hyung အတွက်မနက်စာလုပ်ပေးမလို့ပါ"
ရှင်းပြသလိုလေးပြောလာတဲ့ Chan စကားကို Baekhyun ဘာမှမတုံ့ပြန်ပဲ စားပွဲမှာဝင်ထိုင်လိုက်တော့ အလိုက်သိစွာ ထမင်းကြော်လေးချပေးတဲ့သူ...
"ထမင်းကြော်ပဲရှိလို့ Hyung...တခြားဟာစားချင်ရင်ကျွန်တော်ဝယ်ပေးပါ့မယ်"
"ရတယ်"
ထို့နောက်ထမင်းကြော်ထိုင်စားနေသော Hyung ကဘေးမှာရပ်နေတဲ့ သူ့ကိုမော့ကြည့်သည်...
"မင်းကဘာရပ်လုပ်နေတာလဲ"
"ဟို...စောင့်နေတာ"
"ဘာစောင့်နေတာလဲ?စားတော့"
Hyung စကားကြောင့် Chan အံ့သြသွားဟန်ပြုသည်...သူ Hyung အိမ်ကိုရောက်သည့်အချိန်မှစ၍ အခုထိတစ်ခါမှ Hyung နဲ့ထမင်းလက်ဆုံစားဖူးသည်မဟုတ်....
Hyung ကတစ်ယောက်တည်းပဲ သီးသန့်စားတတ်ပြီး တခြားသူနဲ့ဘယ်တော့မှအတူမစားသည်ကို အခုသူ့ကိုအတူစားရန်ခေါ်တော့ အံ့သြသွားတာမဆန်း...
YOU ARE READING
ကကြိုးရုပ်
Fanfictionသူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် (warning:Chanyeol uke only!!) Baekyeol R-M Boy × Boy Sorry for bad writings 90°bow #Yoohyunee