ကကြိုးရုပ် -22

12.8K 503 25
                                    

Zawgyi>>>

ကျောင်းထဲသို့လက်ကိုင်ကာဝင်လာသော Park Baekhyun နဲ့ Park Chanyeol အကြောင်းသည် ကျောင်းတစ်ခုလုံး၌ မသိသူမရှိနာမည်ကြီးနေသောသတင်းတစ်ခု...

သူတို့နှစ်ယောက်ကိုတွေ့သူတိုင်းကလည်း တီးတိုးတီးတိုးဖြင့် အတင်းတွေပြောနေကြလေသည် Baekhyun ကိုကြောက်လို့သာပေါ်တင်မပြောရဲကြတယ် အခွင့်အရေးရရင် Chan ကိုဝိုင်းမေးကြမဲ့သူတွေချည်း...

လူတွေဆိုတာလည်းကိုယ့်အလုပ်မဟုတ်တာကို သိပ်စပ်စုတတ်သည်ကိုး...

"Chan..."

"ဟုတ် Hyung"

"နေမကောင်းဘူးလား?မင်းလက်တွေအေးနေသလိုပဲ"

Hyung လက်တို့ကသူ့လက်အားဆုပ်ကိုင်လျက်သားမေးလာစဉ်တွင် Chan မှာဖြေစရာမရှိ... hyung နဲ့တူတူရှိနေရတာပျော်လို့ဆိုတာ Hyung မသိလေလျော့သလား??

"အာ နေကောင်းပါတယ် Hyung"

"ဒါပေမဲ့လက်တွေအေးနေတယ် အနွေးထည်လဲဝတ်မလာဘူး ဖျားတော့မှာပဲ Chan ကွာ"

ပြောရင်းသူ့ Coat ကိုချွတ်ကာခြုံပေးသော Hyung ကြောင့် Chan ပါးပြင်လေးရဲသွားသည်...Hyung ဆီကဒီလိုဂရုစိုက်မှုမျိုးတစ်ခါမှမရဖူးခဲ့သည်မို့
Chan ရင်ထဲအပျော်တွေသာဆို့နေတော့သည်လေ...

"ကျေး ကျေးဇူးပါ hyung..."

Hyung ကပြုံးရုံသာပြုံးပြပြီး သူ့လက်ကိုတစ်ဖန်ဆုပ်ကိုင်ကာ အခန်းထဲသို့ဝင်လာတော့ဟိုလူကြည့် သည်လူကြည့်...

Hyung နေရာပြောင်းထားတာကြောင့် သူတို့နှစ်ယောက်အတူထိုင်ရသည်လေ...
ဆရာဝင်လာပြီးစာသင်နေတုန်း Hyung လက်တို့က Chan လက်ဖဝါးနုနုအားဆုပ်ကိုင်လာပြန်သည်

"H..hyung..."

"ရှူး မင်းလက်တွေအေးနေတယ်လေ"

အရှေ့ကိုသာစိုက်ကြည့်ကာပြောတဲ့ Hyung ကြောင့် Chan ပြုံးသည်...စာသင်ချိန်တစ်လျှောက်လဲ Baekhyun စာထဲစိတ်မဝင်စားပဲ Chan ကိုသာစိုက်ကြည့်နေတာမို့ နေရတောင်ခက်လာသလို...

"H..hyung ဆရာရှိတယ်လေ"

"အဲ့တော့..."

"အဲ့လို...အဲ့လိုကြီးမကြည့်နဲ့လေ"

ကကြိုးရုပ် Where stories live. Discover now