Zawgyi>>>
Baekhyun နဲ့ Chan တိတ်တဆိတ်သာလက်ထပ်ခဲ့ကြသည် စာချုပ်မှာလက်မှတ်ထိုး၍
မိသားစု စားပွဲတစ်ခုလုပ်ရုံကလွဲ၍ ခမ်းနားမှုဆိုတာမရှိ...သို့သော်လည်း Chan ကျေနပ်မိပါသည်...Hyung ကိုလက်ထပ်ဖို့ဆိုတာ အိပ်မက်ထဲမှာတောင်မတွေးခဲ့ဖူးသည်မို့ တကယ်ပဲပျော်နေမိတာပါ...
Hyung က Xiumin hyung အပေါ်အလောင်းအစားအတွက် သူ့ကိုလက်ထပ်ခဲ့တယ်ဆိုတဲ့အမှန်တရားက ရင်ထဲတဆစ်ဆစ်နာကျင်စေသော်လည်း hyung နဲ့အတူရှိနေရမည့်အသိကပင် အပျော်တို့လွှမ်းနေစေခဲ့တယ်...
ရုတ်တရပ်ခါးတွင်ရစ်ပတ်လာသော လက်အစုံနှင့် ရင်းနှီးနေသောအငွေ့အသက်တို့က သူ့ကျောပြင်တွင်ရိုက်ခတ်လာခဲ့တယ်...
ချစ်ရသူ၏အထိအတွေ့ကြောင့် နှလုံးသားတစ်ခုလုံးလဲဗြောင်းဆန်လျက်မို့ မလှုပ်မယှက်ငြိမ်သက်နေမိသည်...
"H..hyung..."
"ဘာလုပ်နေတာလဲ?"
"ဗျာ?အာ...ဟို...အိပ်ယာခင်းနေတာပါ..."
"ပြီးဖို့လိုသေးလား?"
"Ar..အခုပြီးတော့မှာ"
"အင်း ပြီးရော"
ပြောရင်း မိမိပါးလေးအားခပ်ဖွဖွနမ်းကာ ထွက်သွားသော Hyung ကြောင့် Chan သူ့ပါးလေးသူကိုင်ကာ ကြောင်အမ်းအမ်းလေးဖြစ်နေလေရဲ့
ရုတ်ချည်းနူးညံ့လာသော Hyung အမူအရာအချို့ကြောင့် ရင်ခုန်ရတော့မည်လားပင် ဝေခွဲမရတော့...
"Chan"
"ဗျာ...လာပြီ Hyung"
ရေချိုးခန်းထဲမှ Hyung ခေါ်သံကြောင့် Chan အမြန်ပြေးသွားလိုက်တော့ တဘက်တစ်ထည်သာပတ်ထားတဲ့ Hyung ကသူ့ကိုလှည့်ကြည့်တယ်...
"ရေချိုးဆပ်ပြာရော?"
"အာ...ခဏလေးနော်"
Chan သိမ်းထားသောရေချိုးဆပ်ပြာအား ထုတ်ပေးလိုက်သည်...အိမ်ကအသစ်ပြောင်းလာတာဆိုတော့ မရှင်းရသေးတာတွေများ၍ hyung မသိတာဖြစ်မည်...
Hyung ရေချိုးဖို့အတွက် ရေအပူအအေးပါသေချာစပ်ပေးလိုက်တယ် အရင်ကတည်းကဒါတွေက Hyung အတွက်သူလုပ်ပေးနေကြ...
YOU ARE READING
ကကြိုးရုပ်
Fanficသူ့အတွက်ဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် သူ့အတှကျဆို ကြိုးဆွဲရာကပြရမဲ့အရုပ်လေးတစ်ရုပ်ဆိုလည်း ကျွန်တော်ကျေနပ်တယ် (warning:Chanyeol uke only!!) Baekyeol R-M Boy × Boy Sorry for bad writings 90°bow #Yoohyunee