ခမ်းနားသော်လည်းကြောက်ရွံ့မှုအတိပီးသောနေရာနေရာတိုင်းသည် အနက်ရောင် လွှမ်းသော မဟူရာကျောက်သားတို့ဖြင့်တည်ဆောက်
ကာနေရာတိုင်းသည်အေးစက်သောကြောက်ရွံ့မှုတို့ဖြင့်လွှမ်းခြုံလျက်ရှိသည်။
သို့သော်အပြင်ပတ်ပတ်လည်တွင်ရှိသောမီးတွင်းကြီးများက ထိုနန်းတော်တွင်းအား
အလင်းရောင်ရစေသည်။ထိုနေရာသည် Palace of Underworld ပင်ဖြစ်၏။
Palace၏အလယ်ဗဟို တည့်တည့်တွင်ကြီးမားသောခန်းဆောင်တော်ကြီးရှိသည်
ထိုအတွင်း၏ထိပ်ဆုံးနေရာတွင်နဂါးကြီးတစ်ကောင်ပတ်နေဟန်ထုထားသောပလ္လင်ရှိပီးထိုပလ္လင်ပေါ်တွင်လူတစ်ယောက်ထိုင်နေ၏။
ထိုလူ ၏မျက်နှာသည် ချောမောခန့်ညားသော အသွင်ဆောင်သောငြား မျက်ဝန်းတို့က စူးရှကာ ရက်စက်မှုအပြည့်ဖြင့် မျက်ခုံးတို့ကွေးညွှတ်လျက် တစ်စုံတစ်ရာအား အလေး အနက်တွေးတော့ဟန် ရှိလေသည်။မကြာမီပင် ခန်းဆောင်တံခါးဖွင့်ဟကာ အနက်ရောင်ဝတ်ရုံလွှမ်းခြုံထားသောလူတစ်ယောက်ဝင်လာကာပလ္လင်ပေါ်တွင်ထိုင်နေသောသူအားဒူးတစ်ဖက်ထောက်လျက်အရိုအသေပြုလေသည်။''အရှင်Ades......''
''ဘယ်လိုလဲ...အခြေအနေ''
''အရှင် ပြောသလိုပါပဲ.လူ့လောကမှာဆိုးနေတာတွေတစ်ဖန်ပြောင်းလဲဖို့ Heavenဘက်က လူလွှတ်လိုက်ပါပီ''
''ဘယ်သူလဲဆိုတာသိလား''
''ဒါကတော့ မသိပါဖူး အရှင်
အထူးလျှို့ဝှက်ထားတဲ့ကိစ္စမို့လို့မစုံစမ်းနိုင်ခဲ့ပါဖူး''''မသိဖူး ...မင်းသွားလို့ရဘီ
နောက်ပီးသူတို့နှစ်ယောက်ကိုလာခိုင်းလိုက်......''''အမိန့်တိုင်းပါအရှင်......''
အနက်ရောင်လွှမ်းခြုံထားေ
သာBlack wizard ထွက်သွားပီး မကြာမီ နန်းတော်ရှိရာသို့လူနှစ်ဦးဝင်ရောက်လာလေသည်။''ခမည်းတော်ကိုဂါဝရပြုပါတယ်''
''အရေးကြီးကိစ္စရှိတယ်
Heavenဘက်ကလူလွှတ်လိုက်ပီ ခက်တာက ဘယ်သူဆိုတာမသိရဖူး''''ခမည်းတော်လွှတ်ထားတဲ့
Under worldဘက်ကသူကHaevenမှာ အရာရောက်တယ်ဆို အခုမသိဖူးတဲ့လား......''ခနဲ့သောလေသံဖြင့် မေးလိုက်သောလူသည်အရပ်မြင့်မားလျက်အညိုရောင်ဆံနွယ်တို့ရှိလေသည်။မျက်နှာမှာသွယ်လျချောမောသော်ငြားမျက်ဝန်းတို့သည်ကားစူးရှရက်စက်လျက်ရှိသည်။ထိုသူသည်Ades၏ဒုတိယမြောက်သားတော် Kပင်ဖြစ်၏။
YOU ARE READING
Fallen Angel
Fanfiction(Vhope) boy X boy မင်းဟာ ဘယ်လိုဘဲ ကြမ်းတမ်း ပါစေ မင်းဟာ ဘ ယ်လိုဘဲ ရိုင်းစိုင်းပါစေ ငါ့အတွက်တော့ fallen angel......