မြို့တော်ရဲ့ အမှောင်ကျတဲ့ အိမ်တွေကြားမှာ
ကောင်လေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်
ပြေးလွှားနေသည်။ ပြေးလွှားခြင်းရဲ့ အနက်ကို
ဖော်ပြရလျှင် တစ်ယောက်က ရှေ့မှ မိုင်ကုန်
ပြေးလွှားနေကာ အနောက်ကတစ်ယောက်က
အမှီလိုက်နေခြင်းပင်......
သူတို့၏ အပြေးရှိန်ကြောင့် ဘေးနားတစ်လျှောက် ရှိနေသော ပစ္စည်းများ သာမက ဖွင့်ထားလျက်ရှ်သော ပြတင်းများပါ အဟုန်ပြင်းစွာ လွင့်
ပျံ့ရိုက်ပိတ်သွားကြ၏။ သူတို့၏ အနောက်တွင်
ဖုန်မှုန့်များစွာက လှိုင်းလုံးသဖွယ်ထလျက်ရှိသည်။''Fryda!....မပြေးနဲ့.......''
''...................''
''ငါက Elves နော်!....မင်းပြေးလဲ လွတ်မယ်ထင်လား!.....''
Jimin အော်ပြောလိုက်တော့ ချက်ချင်းတုံ့ခနဲ
ရပ်သွားတဲ့ ရှေ့ကတစ်ယောက်ကြောင့်ကိုယ်ရှိန်
အမြန်သတ်လိုက်ရသည်။ ဒီနေရာမှာ သာမာန်
သူဆို ဝင်တိုက်မိနေလောက်ဘီ။''မင်း ဘာကြောင့်ထွက်ပြေးတာလဲ!...hk ခုမှ
ငါ့ကိုတွေ့ရမှာ ကြောက်နေသလား ဟမ်!!...''''ကြောက်တယ်...Hk...ငါက...မင်းကို ဘာကိစ္စ
ကြောက်ရမှာလဲ......''အေးစက်တည်ငြိမ်နေသည့် အသံက Jimin
ရှေ့သို့ လွင့်ပျံ့လာ၏။အချိန်ကြာသွားတာတောင်အသံ၏ အေးစက်မှုက လျော့မသွားခဲ့....''ဒါဆို ဘာလိုထွက်ပြေးသလဲ....ပီးခဲ့တဲ့ ကိစ္စတွေ ကြောင့် မင်း ကိုယ့်ကိုကိုယ်မလုံသလိုခံစား
နေရတယ် မလား....မလိမ်စမ်းနဲ့....''''ပီးခဲ့တဲ့ ကိစ္စ?...အဲ့ကိစ္စမှာ ငါမှားတာမရှိဖူး...
တကယ်တမ်းပြောရခြင်းဆို တတ်သလို သိသလို
ဆရာဝင်လုပ်တဲ့ မင်းမှားတာJimin!.....''အသံ၏အေးစက်မှုက ပြင်းထန်လာသည့်
အလျောက် ပတ်ဝန်းကျင်က လေများပို၍တိုဝှေ့တိုက်ခတ်လာသည်။Jimin သူ့ရှေ့က သူကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေမိသည်။''အဲ့တော့!....ငါက မှားတယ်ပေါ့!...မင်းသာ
သတင်း အမှားမပေးခဲ့ရင်!....ဒီလိုဖြစ်လာမှာမ
ဟုတ်ဖူး....ဘယ်သူမှလဲ နာကျင်ရမှာမဟုတိဖူး
အထူးသဖြင့် အကိုတော်!.....''
YOU ARE READING
Fallen Angel
Fanfiction(Vhope) boy X boy မင်းဟာ ဘယ်လိုဘဲ ကြမ်းတမ်း ပါစေ မင်းဟာ ဘ ယ်လိုဘဲ ရိုင်းစိုင်းပါစေ ငါ့အတွက်တော့ fallen angel......