အပြာနုရောင် ဝတ်ရုံကို ဆင်မြန်းထားသော
သူတစ်ယောက်သည် မြို့တော်၏ လူစည်ကား
ရာနေရာ သို့ ဝင်ရောက်လာသည်မှ စ၍ ပတ်ဝန်း
ကျင်ရှိ လူတို့၏ စိတ်အာရုံတွေသည် ထိုသူ အပေါ် ၌သာ ကျရောက်ကုန်၏။ မိန်းမပျိုတို့သည် ထိုသူ၏ အာရုံကို ဖမ်းစား နိုင်ရင် အလို့ငှာ ရီဝေသော မျက်လုံးရွဲကြီးများဖြင့် ကြည့်
ရင်း ကြိုးစားလျက်ရှိသည် ....မိန်းခလေးများသာ
မက ယောကျာ်း များပင် နှစ်ခါ ပြန်ကြည့်ရသော
ထိုသူ၏ မျက်နှာ သွယ်လှ လှပသော်လည်း တစ်ဖက်တွင် တည်ကြည် ခန့်ညားဟန်ပေါ်လွင်
သည်။
ထိုသူသည် မည်သူတစ်ဦးတစ်ယောက်ကို မှ အာရုံစိုက်ဟန်မပြုဘဲ ခြေလှမ်းပုံမှန်ဖြင့်သာ
ရှေ့တည့်တည့်သို့ သွားနေ၏။
မကြာမီ တည်းခိုခန်းတစ်ခု၏ ရှေ့သို့အရောက်
ထိုသူ၏ ခြေလှမ်းများရပ်တန့်သွားပီး တည်းခိုခန်း အဆောက်အုံကို ကြည့်ရင်း ရပ်နေသည်။
ထိုအခါ တည်းခိုခန်း ၏ ဧည့်ကြိုသည် အပြေးအလွှား ဆင်းလာ၏၊''လူကြီးမင်း...ကျွန်တော်တို့ တည်းခိုခန်းက ဒီမြို့တော်ရဲ့ အကောင်းဆုံးတည်းခိုခန်းပါ...
အဖိုးတန် စားသောက်ဖွယ်ရာများနဲ့ တည်ခင်းနိုင်သလို အကောင်းဆုံးပြုစုပေးမယ့် မဒီလေးတွေလည်းရှိပါတယ်...ဟဲ...ဟဲ...လူကြီးမင်း စိတ်တိုင်းကျ ဖြစ်စေရပါ့မယ်...''''ထူးဆန်းတယ်....''
''ဗျာ?....လူကြီးမင်း ဘာကို ဆိုလိုတာလဲ...''
''Elves တွေရဲ့ ရနံ့ကို ရနေတယ်...သူတို့က
လျှို့ဝှက်လွန်းတာ ...ဒီလိုနေရာမှာတည်းပါ့မလား
....''''လူကြီးမင်း...ဘာကိုဆိုလို.....''
''Black wizardရဲ့ အနံ့ကောပဲ....ဘာလို့ တစ်နေရာထဲ နှစ်ဖက်လုံးရဲ့ ရနံ့က ဘာလိုရနေတာလဲ....''
တစ်ယောက်ထဲ မျက်မှောင်ကြုံ့ကာနားမလည်သော စကားများပြောနေသော လူရွယ်ကို ကြည့်ရင်း ဧည့်ကြို လူသည် ခေါင်းကုတ်သွားသည်။
''ဒီမှာ.....''
''ဟုတ်ကဲ့ လူကြီးမင်း...''
''မင်းတို့ဆီ...အစိမ်းရောင် ဝတ်စုံနဲ့သူတစ်ယောက်လာသေးလား...''
''ဗျာ?...လူကြီးမင်း ဒါက တည်းခိုခန်းလေ ...အစိမ်းရောင်ကော အဖြုရောင် ကို အဝါရောင်ကော
ဝတ်ဆင်ထားတဲ့သူတွေ အများကြီးပဲ ကျွန်တော်တို့ ဘယ်လို သိမှာလဲ....''
YOU ARE READING
Fallen Angel
Fanfiction(Vhope) boy X boy မင်းဟာ ဘယ်လိုဘဲ ကြမ်းတမ်း ပါစေ မင်းဟာ ဘ ယ်လိုဘဲ ရိုင်းစိုင်းပါစေ ငါ့အတွက်တော့ fallen angel......