ဘေးပတ်ဝန်းကျင်မှာ သစ်ပင်ကြီးများ အုံ့ဆိုင်းနေလျက်ရှိသည်။ နေ့ခင်းဖြစ်သည့် အလျှောက်
တစ်ခါတစ်ရံ ကျေးငှက်တို့၏ တေးသံသာတို့ကို
ကြားနေရ၏။ သို့သော် စိမ်းလန်းသော ပတ်ဝန်း
ကျင် သာယာသော တေးသံတို့က Taehyung
အာရုံထဲမရောက်ပေ ရောက်နေသည်က ရှေ့က
လှုပ်တုတ် လှုပ်တုတ်သွားနေသော အစိမ်းရောင်
ကျောပြင်ဆီသာ။
ထိုကျောပြင်ငယ်အားငေးကြည့်နေရာမှ ရုတ်တရက်ဆိုသလိုရပ်တန့်သွားကာ နောက်သို့လှည့်ကြည့်လာလေသော သူ။မျက်နှာ အသွင်က အနည်းငယ် အုံ့ဆိုင်းနေသည်။''ဟိုလူ...........ခင်ဗျား လိပ်နဲ့အမျိုးတော်သလား
.......''မဆီမဆိုင် ထမေးသော ကောင်လေးကိုကြည့်
ရင်း Taehyung ခဏမျှ စဉ်းစားသွားရသည်''မင်း ဘာကိုဆိုလိုတာလဲ........''
''ခင်ဗျား လမ်းလျှောက်တာ အရမ်းနှေးလို့......''
''ဟမ်.....hahaha!.....''
ခဏတော့ သူမှင်သပ်သွားသည် နောက်တော့
ရယ်မိသည်။ ဘယ်လိုကောင်လေးပါလိမ့်.......
ကိုယ့် အတွေးနဲ့ ကိုယ်မို့သတိမထားမိ နောက်မှ
သူသတိထားမိတော့ Taehyungအား ငေးကြည့်
နေသော ကောင်လေး.....''ခင်ဗျား ရယ်တော့.......အတော်ချောတာဘဲ.....''
ပြောတာတော့ တိုးတိုးလေးသို့သော် နားပါးလွန်းသောTaehyung အတွက်တော့ ဘုရားကျောင်းက ခေါင်းလောင်းထိုးသံထက်ကျယ်မြည်စွာ
နားတွင်းသို့ ရိုက်ခတ်သွားလေ၏။''မင်း ဘာပြောတာလဲ......''
''ဟမ်....အဟမ်း!ဘာမှမဟုတ်တော့ဖူး....
သွားကြရအောင်....''ခပ်တည်တည်နှင့် ဘူးခံငြင်း ကာ ရှေ့သို့ကော့
တော့ ကော့တော့ ထွက်သွားသော ထိုကောင်လေးကျောပြင်ကို ကြည့်ရင်းTaehyung နှုတ်ခမ်း
ထောင့် တို့ တွန့်ချိုးကာ ပြုံးလိုက်မိသည်။
ဒါကောင်းသော အပြုံးမဟုတ်......။'' အ!......ခင်ဗျား........''
လက်ကို ဆက်ခနဲ့ ဆွဲယူလိုက်တော့ အသားနာကျင်သွားသောကြောင့် ရန်တွေ့ရန် ပြောစကားတို့က မျက်ဝန်း ပြာတို့နဲ့ တစ်ဖန်ဆုံမိစဉ်
ပျောက်ရှကုန်၏။
YOU ARE READING
Fallen Angel
Fanfiction(Vhope) boy X boy မင်းဟာ ဘယ်လိုဘဲ ကြမ်းတမ်း ပါစေ မင်းဟာ ဘ ယ်လိုဘဲ ရိုင်းစိုင်းပါစေ ငါ့အတွက်တော့ fallen angel......