you are mine 👽(part-1)

107K 1.4K 11
                                    

ည ဆိုတာ ကျွန်တော်အတွက်တော့အေးချမ်းတဲ့ ကမ္ဘာကြီးပါပဲ💙
ကျွန်တော်က bar မှာ တယောထိုးသူအဖြစ် ဖျော်ဖြေရတာပါ
မနက်ဆိုရင် uniတက်တယ် ညဆိုရင် barမှာ တယော ထိုးတယ်

သီချင်းတွေကို ကျွန်တော်နှစ်သက်တယ် အထူးသဖြင့် ကျွန်တော်
် တယော အသံလေးတွေကို ချစ်ခင်နှစ်သက်တယ်
တယော ကို ကျွန်တော် အသက် ၁၀နှစ် ကတည်းထိုးခဲ့ တယ်
တယောကို အဖေက သူ့ရဲ့အမွေအဖြစ်ကျွန်တော်ကိုပေးခဲ့တယ်

အခုတော့ အဖေလူလောကထဲထွက်ခွာသွားခဲ့တာ ၃နှစ်လောက်ရှိပီ
ကျွန်တော့်အမေကတော့ ကျွန်တော်မွေးကတည်းက ဆုံးသွားတာ
ကျွနါတော့်နာမည်က Asukiပါ အသက်ကတော့၁၇ရှိပီ uniမှာပထမနှစ် ဂီတမေဂျာတက်နေတာပါ

ကျွန်တော်အခု အကိုTasuနဲ့နေတယ် ဒါပေမဲ့ အကိုအရင်းတော့မဟုတ်ဘူး
Bar မှာ အလုပ်လုပ်ရင်းတွေ့တာ သူက သီချင်းဆိုတယ်
သူကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါပဲ ရုပ်လည်းချောတယ် အသံလည်းကောင်းတယ် သဘောလည်းကောင်းတယ် ပွေလည်းပွေတယ်

အကို Tasu က ကျွန်တော်အပေါ်မှာ သူ့ရဲ့ညီအရင်းတစ်ယောက်လိုသဘောထားပီ ချစ်တယ် အဲ့တာကြောင့် ကျွန်တော် သူ့ကိုအရမ်းခင်တယ် 😊

"ညီလေး Asukiဒီနေ့ အထူးဧည့်သည်လာမှာနော် သီချင်း ကောင်းဆုံးကိုရွေးထား"အကို Tasu အသံ


"Omm okလေ အကို"


"အကို အလှည့်ပီးရင် ညီလေး အလှည့်ပဲ သေချာပြင်ဆင်ထား"

ကျွန်တော်ကြားတာတော့ "New Star "Hotel ရဲ့ CEO လာမယ်လို့ ကြားတာပဲ

အဲ့ဒါ ကျွန်တော် ကိစ္စတော့ မဟုတ်ဘူး ကျွန်တော်အလုပ် က တယောထိုးဖို့ပါပဲ


အကို Tasu ကတော့သီချင်းဆိုနေတာ အရမ်းမိုက်တာပဲ ကောင်မလေးတွေအသည်းစွဲတာလည်းမဆန်းပါဘူး

ကျွန်တော်က တော့ ကလန်ကာနောက်မှာ တယောကီးတွေကို လေ့ကျင့်လို့ပေါ့😸

အချိန်က ကုန်တာမြန်လိုက်တာ

ကျွန်တော် တယောထိုးရမည့်အလှည့်ရောက်လာပီ
နီပြာဝါ ရောင်စုံတွေစုံနေတဲ့ စင်မြင့်တက်ပေါ် ကို ကျွန်တော် တစ်လှမ်းချင်းဆီတက်လာတယ်

ကျွန်တော့်ရဲ့ တယောလက်သံက တိတ်ဆိတ်မှုကို စတင် ဖြိုကွဲလိုက်တယ်


🎶🎼🎼🎼🎼🎶🎶
ကျွန်တော် တယောသံလေးတွေကို ချစ်တယ် အရမ်းအေးချမ်းတယ် တယောထိုးနေရရင် အလိုလိုပျော်တယ်
အခုကျွန်တော် ထိုးနေတဲ့ သံစဉ်name က you raise me up🎻🎻🎼🎼

You are mine 👽(completed)Where stories live. Discover now