မနက်ခင်းရဲ့နေရောင်ခြည်နုနုလေးက ကျွန်တော့် မျက်နှာပေါ်ဖြာကျနေတယ်
ကျွန်တော် မျက်လုံးလေး ပုတ်ခတ်ခတ် လက်လေးနဲ့ပွတ်ပီး ကြည့်လိုက်တော့
ကျွန်တော်အခုရောက်နေတာက အိပ်ယာပေါ်မှာ
အော် ဟုတ်သားပဲ Karo sake က ကျွန်တော် ကယ်ခဲ့တာဆိုတော့ အခုရောက်နေတာ သူ့အိမ်ပဲဖြစ်မှာပါ 💭💭
ရုတ်တရတ် အခန်းထဲကို karo sake ၀င်လာတယ်
ကျွန်တော် သူ့ကို ကြောင်ပီး ကြည့်နေမိတယ်
ဒီတစ်ခါတော့ ကျွန်တော့် ဘက်က စပြီး စကားပြောလိုက်တယ်
"ကျေးဇူးပါပဲ "
Karo sake က တစ်ချက်ပြုံးရင် "ဘာအတွက်လဲ?"
" ခင်ဗျား ပဲကျွန်တော့်ကို ကယ်ခဲ့တာလေ"
" မင်းကို ကယ်တယ်လို့ ဘယ်သူပြောလဲ? "
"အယ် ဘာအဓိပ္ပာယ် လဲ Karo sake "
" ငါ မင်းကို ၀ယ်လိုက်တာလေ "
" အယ် ??? 😨" ကျွန်တော် ဘာပြန်ပြောရမလဲ မသိ ကြောင်တောင်တောင်လေး ဖြစ်နေမိတယ်
" ဟုတ် တယ် ငါမင်းကို ၀ယ် လိုက်တာ ဒီနေ့ ကစပြီး မင်းက ငါ့အပိုင် ဖြစ်သွားပီ
အဲ့ဒါကြောင့် မင်း ငါ့အိမ်မှာပဲနေရမယ် "
" အယ် ??? 😨" ကျွန်တော် ဘာပြန်ပြောမရပါလိမ့်💭💭💭" ဟို ??? ဟိုလေ ကျွန်တော် ဒီမှာ ရှိနေရင် ခင်များအတွက် အနှောက်ယှက် ဖြစ်မှာစိုးလို့ "😶
" 😏 ဘာမှ ငြင်းဖို့မကြိုးစားနဲ့ တကယ် လို့မင်း အိမ်ကို မင်းပြန်သွားရင် မင်းကို ဟိုလူတွေ လာမနှောက်ယှက် နိုင်ဘူးလို့ ငါတပ်အပ် မပြောနိုင်ဘူး 😏ပြန်ချင်ပြန်လေ"
ကျွန်တော် ချောင်ပိတ်မိသွားပီ ထင်ပါရဲ့ 😷😷😷😷
" ဟုတ် ..... ဟုတ်ကဲ့ 😞 "
Karo sake က ခပ်ယေးယေး ပြုံးရင်း
" ကောင်းပီ.... ဒါမင်းရဲ့အခန်းပဲ မင်းဒီအခန်းမှာပဲနေရမယ်
နောက်ပီး မင်းကျောင်းပြောင်းရမယ် "
" ဘယ်လို??? 😨 ကျွန်တော် ဘာလို့ကျောင်းပြောင်းရမှာလဲ? "
" မင်း ကျောင်းမပြောင်းရင် မင်းရဲ့ အရင်သူငယ်ချင်းတွေ လာပတ်သတ်မှာစိုးလို့"
သူပြောတော့လည်း ဟုတ်တာပါပဲ ကျွန်တော်ပျောက်နေတာ တစ်ပတ်ရှိပီဆိုတော့ သူငယ်ချင်းတွေရှာနေမှာ အမှန်ပဲ
" အဲ့တာ ဆို ကျွန်တော့် အလုပ်ကရော? "
" ထွက်လိုက် _"
" ဗျာ !!!!!!😨😨😨😨 အာဆို့ ကျွန်တော် ဘာပိုက်ဆံနဲ့ ထမင်းသွားစားမှာလဲ? "
" စိတ်မပူနဲ့ ငါမင်း ကို ပေးမှာပေါ့ အဲ့အတွက် မင်း အလုပ်လုပ်ပေးရမယ် "
" ဘာ အလုပ်လဲ? 😶"
" မင်း ငါ့အနားမှာနေပီး နေ့တိုင်း ငါ့အိပ်ခါနီးကျရင်
တယောထိုးပေး ဒီလောက်ပဲ အဲ့အတွက် တစ်ရက်ကို ၁သိန်းပေးမယ်"
" အယ် ?? 😨"
"ကျစ် 😏 ဘာလဲ ? သဘောမတူဘူးလား ? မင်းက အခုငါ့ အပိုင်ဖြစ်နေပီလေ ငါ့စကား နားထောင်ရမယ် ငါ ကိုဘာမှ အတွန့်မတက်နဲ့ ငါ့ကိုအတွန့် တက်ရင် ဒီမှာကြည့်ထား " ဆိုပီး ကြာပွတ်ကြီးကို မြှောက်ပြတယ်
ကျွန်တော့် ဘ၀တော့ သွားပါပီ အခုတော့ Karo sake ရဲ့လက်ထဲမှာ
ဘာတက်နိုင်ပါ့မလဲ ပြည့်တန်ဆာ ဖြစ်တာ တက် စာရင်တော့ သူ့ရဲ့အစေခံ လုပ်ရတာပိုကောင်းပါတယ်လေ
" ဟုတ် ကျွန်တော် သိပါတယ် ဒီအတွက် ကျေးဇူးတင်ပါတယ် "
Karo sake က ကွေးကွေးလေး ပြတယ် အဲ့အပြုံး ကို အခုတော့ကျွန်တော် အရမ်းကြောက်မိတယ် သူ့ပုံစံ ကသွေးအေးအေးနဲ့ လူတစ်ယောက်ကို နှိပ်စက်ဖို့ဝန်မလေးဘူး
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏
သတိ နောက်အပိုင်းက စပီး ထန်ပါတော့မည် 😁