ကျွန်တော်နိုးလာတော့ နူးညံအိစက်နေတဲ့ အထိအတွေ့ 
ကြောင့် ကျွန်တော်လန့်သွားသည်ကျွန်တော်ရောက်နေတဲာ့အခန်းထဲက ကုတင်တစ်ခုပေါ်မှာ ကြောင့်ကျွန်တော်အံသြသွားတယ်
အပြင်မှာ ကြားနေရတာက ဆူညံတဲ့ သီချင်းသံတွေ သေချာပါတယ် ဒါ ကလပ် တစ်ခုရဲ့ အခန်းတနေရာမှာဆို တာကျွန်တော်သိနေတယ်
ကျွန်တော်ကို ကျွန်တော် သေချာစစ်ဆေးလိုက်တော့ ဘာမှမဖြစ်ဘူး အကောင်းပတိအတိုင်း
ဒါကြောင့်အနည်းငယ်စိတ်အေးသွားတယ်
နောက်မှ အတွေးထဲဝင်လာတာကကျွန်တော်အခုရာက်နေတာဘယ်နေရာလဲ ကျွန်တော်မသိဘူး ထိုစဉ်
ကျွန်တောတို့်အခန်းထဲဝင်လာတဲ့ သူကြောင့် ကျွန်တော်မျက်လူံး အ၀ိုင်းသားလေးကြည့်နေမိတယ်
ထိုသူက ကျွန်တော်နဲ့တွေ့ဖူးတဲ့ CEO Karo sake ဟာ သူဘာလို့ဒီအခန်းထဲရောက်နေတာလဲ?
ကျွန်တော့အတွေးတောင်မဆုံးသေးဘူး သူက စကားစလာတယ်
"နိုးပီလား? ""ဟုတ် ဒါနဲ့ ဘာလို့ဒီကို ကျွန်တော်ရောက်နေရတာလဲ?"
ကျွနါတော်အမေး ကိုကြားတော့သူကယေးယေးလေး ပြုံးပြရင်း "အဲ့တာကိုမေ့ထားလိုက်အုံး အခု မင်းအရင်နေကောင်းအောင်နေလိုက်အုံး" ခဏနေ ကြတော့
အခန်းထဲကိုကျွန်တော်ကိုဖမ်းခေါ်သွားတဲ့ မျက်နှာမှာ ဓါးရာနဲ့လူကြီးဝင် လာတော့ ကျွန်တော် ကြောက်လန့်ပီး ထအော်မိ မလိုဖြစ်တော့
Karo sake က "ဘာမှစိတ်မပူနဲ့ ကိုယ့်ရှိနေတယ်"
Karo sake ပြောတဲ့ စကားကြောင့်
ကျွန်တော် ငြိမ်ငြိမ်လေး ငြိမ်နေလိုက်တယ်Karo sake က ထိုလူကြီးကို ခပ်တင်းတင်းပင်
" ငါ သူ့ကိုလိုချင်တယ်မင်းကြိုက်တဲ့ဈေးကိုပြောလိုက်"ထိုစကားကြောင့် ဓါးရာနဲ့ လူကြီးက ဟက်ဟက်ပက်ပက် ရယ်ပီး
"ဖြေးဖြေးပြောပါ CEO လေးရယ် အဲ့လောက် လည်း ဒေါသမကြီးပါနဲ့hkhk "
" မင်း ငါပြောတာ မကြားဘူးလား ကြိုက်တဲ့ဈေး ပြောလိုက် "
" haha OK ပါ CEO လေးရယ် အဲ့ကောင်လေးက CEO အတွက် အရမ်းအရေးပါပုံရတယ် အေ လေ ကြိုက်တဲ့ဈေးဆိုတော့ သိန်း ၃ထောင် ရပီလား?"
ထိုလူရဲ့ပြောစကားကို Karo sake က "သိန်း ၃ထောင်လား နည်းတယ် သိန်း၎ထောင်ပေးလိုက်မယ် အခု ချက်ချင်းငွေလာ ပို့ခိုင်းလိုက်မယ် တစ်ပြားမှ မလျော့စေရဘူး "
ဆိုပီး တစ်ဖက်သို့ ဖုန်းဆက်ရင်း ငွေလှမ်းမှာလိုက်တယ်
ကျွန်တော့် အတွေးထဲမှာတော့ ကျွန်တော်က Karo sake ဘ၀ အတွက်ဘယ်လောက်အရေးပါလို့အခုလို့ ဈေးကြီးပေးပီး ၀ယ်ရတာလဲ? ကျွန်တော် အရမ်းဝမ်းနည်းတယ်
အကိုTasu လို
အရမ်းခင်တဲ့လူ ကျွန်တော် ကို သစ္စာဖောက်ပီး ကျွန်တော်နဲ့ တစ်ရက်သာတွေ့ဖူးတဲ့ Karo sake က ကျွန်တော် ကယ် ခဲ့တယ် 😫😫.ကျွန်တော်တွေးရင်းမျက်ရည် ၀ဲလာတယ်
ခဏနေကျတော့ Karo sake ဘက်က လူတွေလာပြီး ငွေလာချေလိုက်တယ်မျက်နှာမှာ ဓါးရာ နဲ့ လူကြီးမျက်နှာ က ၀င်းပနေလို့
ငွေချေပီးသွားတော့ Karo sake က ကျွန်တော်လက် ကိုဆွဲလိုက်ပီး
"လာ သွားရအောင် "ကျွန်တော် သူ့နောက်ကိုလိုက်ခဲ့တယ်သို့ပေမဲ့ ကျွန်တော် ခေါင်းတွေ အရမ်းမူးနေတာမို့ လမ်းတောင်မလျှောက်နိုင်ဘူး
ကျွန်တော် အဖြစ်ကို ကြည့်ရင်း သဘောပေါက်တဲ့ Karo sake က ကျွန်တော့်ကို စွေ့ခနဲ့ပွေ့ ချီလိုက်တာကြောင့် ကျွန်တော် အံသြသွားတယ်
သူနဲ့ကျွန်တော် ခန္ဓာကိုယ် ယှဉ်ကြည့်ရင် ကျွန်တော့် ခန္ဓာကိုယ်က သေးသေးလေးပါပဲ
အရပ်ချင်းယှဉ်ရင်လည်း သူရဲ့ ပခုံးလောက်ပဲရှိတယ်
ကျွန်တော် ခေါင်းအရမ်းမူးနေလို့ သူ့ကိုယ်ပေါ်မှာ မှေးရင်း အိပ်ပျော်သွားတယ်
✏✏✏✏✏✏✏✏✏✏✏
