you are mine (part-2)

61.8K 1.3K 8
                                    

တယောအသံလေး အပီးမှာတော့ 🎻🎶🎶
လူအများ ရဲ့လက်ခုပ်တွေကို ကျွန်တော်ကြားရတယ်


"ဟူး ဒီနေ့ တယောထိုးရတာ တကယ်ပဲ ကောင်းလိုက်တာ သံဇဉ်တွေထဲ စီးမျောသွားတယ် "

"ညီလေး Asuki "

"အကို Tasu ဘာကိစ္စ လဲ?

"မင်း ကို New Star Hotelက CEO က တွေ့ချင်လို့တဲ့"

"အော် ဘာလို့လဲ? "

"သိဘူး"

ကျွန်တော် New Star hotel က CEoနဲ့တွေ့ဖို့သွားတယ်

အဲ့မှာ
ကျွန်တော် သွားတွေ့တော့ ခန့်ချောချော ရုပ်ရည် ယောကျာ်းပီသတဲ့အသွင်ပြင်
ပါးစပ်မှာ တေ့ရုံမှတေ့ထားတဲ့ ဆေးလိပ်ရယ်

အညိုရောင်ဆံပင်ကို နဖူး ပေါ်ပင့်တင့်ထားတော့ သူ့ရဲ့ စင်ယော်မျက်ခုံး ရွှေသမင်ရောင်မျက်လုံးနဲ့ အထင်းသား
ဟာ အရမ်းချောတာပဲ ယောကျာ်းချင်းတောင် ငေးရတယ်

"Aww မင်းရောက်ပီကို "

သူ့စကားသံကြားတော့မှပဲ

ကျွန်တော် သတိပြန်ရသွားတယ် ဘယ်လောက်ငေးလိုက်လဲမသိ 💭💭

"ဟုတ်ကဲ့ အကိုက New Star hotel ရဲ့ CEO လား မသိ?"

"ဟုတ်တယ် ကိုယ် က CEOပါ"

CEO ဆိုပေမဲ့ အသက်က ၂၅လောက်ပဲရှိသေးတာ 💭
ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းချမ်းသာတာပဲကျွန်တော်စိတ်ထဲတွေးရင်း💭💭💭

"ကိုယ့်နာမည်က Karo sakeပါ မင်းကို ကိုယ့်Hotel မှာ တယောဖြေဖျော် တဲ့သူအနေနဲ့ တစ်နှစ်စာ စာချုပ်ချင်လို့"

"Aww ဟူတ် အဲ့တာက လေ??? "

"စိတ်မပူပါနဲ့ မင်းတို့bar ပိုင်ရှင် ကို ကိုယ်ပြောပီးသားပါ "

ကျွန်တော် ပါးစပ်လေး အဟောင်းသားနှင့်
"ဟို ကျွန်တော် အတွက် အဆင်ပြေပါတယ် "
ကျွန်တော် စကားသံလည်းကြားတော့

သူကနှုတ်ခမ်းကို ကွေးကွေးလေးပြုံးရင်း
"အဆင်ပြေအောင် လုပ်ပေးပီးသားလေ "

"ဟုတ်ကဲ့ "

"အဲ့ဒါဆို ကိုယ် ပြန်တော့မယ် တနလာင်္နေ့ကျ ရင် ကိုယ့်Hotel မှာ ပြန်တွေ့ရတာပေါ့"

သူနှုတ်ဆက်ရင်း အခန်းထဲက အထွက်မှာ သူကျွန်တော့် ဘေးကနေ ဖြတ်လျှောက်သွားတော့ ရနံလေးတစ်ခုကို သူ့ဆီကနေ့ ရလိုက်တယ်
အရမ်းစွဲဆောင်မှုကောင်းတဲ့ ရနံလေး ယောကျာ်းဆန်တဲ့ရနံလေး
ကျွန်တော် သူ့ကိုကြိုက်မိသွားတာတော့ မဟုတ်ပါဘူးနော်

You are mine 👽(completed)Where stories live. Discover now