အတိတ်ကို ကျနော်မုန်းသည်။
လက်ရှိကို ကျနော်ဂရုမစိုက်တတ်။
အနာဂတ် အတွက်ပဲ ကျနော်ရုန်းကန်မည်။ကင်မင်ဆော့ ။
လူလိမ် ၊ လူညာ ။
သူညာသည်။
သူ ကျနော့်ကို နှစ်တွေအများကြီးကြာအောင်
လိမ်ညာခဲ့သည်။သူ့မှာ အပစ်မရှိပါ။ သူ ညာရုံတင် ကျနော့်ကို ညာခဲ့သည်။
ယုံမိသည့် ကျနော့်မှာသာ အပစ်ရှိသည်။
ချစ်မိသည့် ကျနော့်တွင်သာ အပစ်ရှိသည်။
ကျနော့် မျှော်လင့်ချက်တွေသာ အပစ်ရှိလိမ့်မည်။💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭
"ကဲ ဆယ်ဟွန်း ၊ မင်းမုန်းတဲ့ အတိတ်တွေဆီကို
ရောက်နေပြန်ပီလား""Hk.....ဆိုပါတော့"
"မင်းတစ်ခါမှ ငါ့ကို မင်းရဲ့အတိတ်တွေအကြောင်းမပြောပြ
ဖူး ခဲ့ဘူးနော်""သိပီးတော့ကော ဘာလုပ်မှာလဲ ချန်းယော်ရယ်၊
ငါ့အတိတ်တွေက လှမှမလှခဲ့ဘဲကွာ""အနည်းဆုံးတော့ ငါနှစ်သိမ့်ပေးနိုင်ကောင်းနိုင်လိမ့်မယ်လေ"
"အေးပါကွာ၊ ကျေးဇူးပါ"
"အဲ့တော့ ပြောပြမယ်လို့ ဆိုလိုတာလား"
"ကဲပါ ငါပြောပြပါ့မယ် ငါလဲ ပြန်ခါနီးဆိုတော့
သွေးပူလေ့ကျင့်ခန်းလုပ်တဲ့သဘောပေါ့ကွာ""ဘာလုပ်လုပ် ငါသိချင်လှပီပြောတော့ "
"အင်းပါ ဒီလိုကွာ .....ငါ မြတ်နိုးတဲ့ လူတယောက်ပေါ့"
"ဟျောင့် ငါမေးတာ မင်းအတိတ်နော်"
"မင်း ဆက်နားထောင်ဦးမှာလား"
ကျနော်မုန်းတဲ့ အတိတ်ဆီသို့ပေါ့........
"မေကြီး ငယ်လေး ကျောင်းမတတ်ချင်ဘူးလို့ ဗြဲ"
"သားကလဲ မဆိုးရဘူးနော်။ သားအခုထဲက ကျောင်းတတ်မှ
သားအသက်ကြီးလာရင် ပညာတတ်ကြီးဖစ်မှာလေ""သားကြောက်တယ်လေ ဗြဲ"
"ဘာကြောက်စရာရှိလဲ သားရယ် ၊ သားသူငယ်ချင်တွေ
အများကြီးရမှာသားရဲ့""ဟင့်အင်း သားကျောင်းမသွားချင်ဘူးနော်"
"ဟယ် ဒီကလေးနဲ့တော့နော်"