နားလည်ပေးပါတယ်။
နားလည်ထားနိုင်တယ်။
ခွင့်လွှတ်ပေးပါတယ်။
ခွင့်ပြုထားနိုင်တယ်။
ထိုအရာတွေက အချစ်ကြောင့်ဖစ်တည်လာတာလေ။ဒါမဲ့ကွာ........
ငါလဲ လူသားတစ်ယောက်ပါ။
ငါလဲ လိုအပ်တယ်။
ငါကိုယ်တိုင်လဲ မင်းဆီက အချစ်တွေလိုအပ်တယ်။⌛️⏳⌛️⏳⌛️⏳⌛️⏳⌛️⏳⌛️⏳⌛️⏳⌛️⏳⌛️⏳⌛️
"မင်ဆော့ ...သားလေး ၊ ခေါင်းတွေ ကိုက်နေသေးလား"
".........."
အရုပ်လို ပျော့ဖတ်ဖြူဖွေးနေတဲ့ သားကိုကြည့်ရင်း
မင်ဆော့ အမေစိတ်မချမ်းသာနိုင်တော့ပါ။
အရင်က ချစ်စရာကောင်းပီး တက်ကြွလွန်းတဲ့
မင်ဆော့ကို ဘယ်ပြန်ရှာရမည်ကို မတွေးတတ်။အခုလို အားလုံး ဖရိုဖရဲ တွေဖစ်ရတာ
ဟိုကလေးဆယ်ဟွန်း ကြောင့်။
တာဝန်ယူရမည်။ သူ့မှာ တာဝန်ရှိသည်။
မင်ဆော့ အစကနေ အသစ်ပြန်စဖို့ ဟိုကလေး
ဆယ်ဟွန်းမှာ တာဝန်ရှိသည်ဟု သူမယူဆသည်။"သား ....သားနေပြန်ကောင်းရင် Ommaတို့က
သားနဲ့ဆယ်ဟွန်းကို နေရာချပေးဖို့ စီစဉ်မယ်""Omma ဘာလို့လဲ မဖြစ်နိုင်ဘူး Omma၊သား ဒီပုံစံနဲ့
လက်မထက်ချင်ဘူး၊ လက်မထပ်နိုင်ဘူး Omma""အို့...Ommaသားက ဘာတွေဖစ်နေလို့လဲ၊အေး ဖြစ်ခဲ့တယ်
ဆိုရင်တောင် ဒါဟိုခလေးလုပ်လို့ ဖစ်ခဲ့တာတွေချည်း။
ဘာမှ မပြောနဲ့ ဒါလူကြီးတွေ ကောင်းဖို့ စီစဉ်တာ။
ဒီလိုပဲ သိထားသား""Omma ...သူ ...သူကရော လက်ခံတယ်တဲ့လားဟင်"
"သားရော သူကော ဆုံးဖြတ်ခွင့်မရှိဘူးသား"
"Omma!"
"ကဲ သားအနားယူတော့ ommaသားအတွက်၊
ကြက်စွတ်ပြုတ်လေး လုပ်ပေးမယ်""Omma...omma"
အခုလိုသာဆို အမြန်ဆုံး အကောင်ထည်ဖော်ရတော့မည်။
သားရဲ့ အမေးတွေကို ဖြေဖို့ သူမမှာ သတ္တိမရှိတော့ပါ။
သားလေး နေမြန်မြန်ပြန်ကောင်းဖို့ဆို
သူမ ဘာမဆို လုပ်ပေးနိုင်သည်သာ။Flashback >>>Yesterday
သားကို Market သွားမယ်သာပြောခဲ့တာ။
တကယ်ရောက်လာတော့ ဆယ်ဟွန်းတို့အိမ်။