တိုက်ဆိုင်ခြင်းဆိုတာ
အချစ်နဲ့ အသက်ရှင်နေတဲ့
သူတွေအတွက်တော့
ပျော်စရာ ဇာတ်ဝင်ခန်းလေ။အချစ်ဆိုတာကလဲ နာကျင်ရတယ်
မေ့ပစ်ဖို့ဆိုတာကလဲ ခက်ခဲတယ်။
ငါတို့သာ နီးစပ်ဖို့ ကံကြမ္မာသာ
ပါခဲ့ရင် တစ်နေတော့ ငါတို့ပြန်ဆုံမှာပါ။🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
" Omma"
"..........."
"Omma"
"ဟယ် သားဆယ်ဟွန်း ပြန်ရောက်လာပီ၊
အမေတို့ကို အကြောင်းမကြားဘာမကြားနဲ့""Omma၊ Ommaမင်ဆော့က ဘာလို့လဲ"
"ဘာကိုလဲ သားရယ်"
"သူ......သူလမ်းမလျှောက်နိုင်တော့ဘူးဆို"
"ဟင် ! မင်း....မင်းအခုမှသိတာလား"
"Omma!!!"
ခြေပစ်လက်ပစ် ကြောင်တောင်တောင်နဲ့
ထိုင်နေတဲ့ သားလုပ်သူကိုကြည့်ပီး
စိတ်မကောင်းဖစ်နေရုံမှလွဲ၍ ဘယ်တတ်နိုင်မည်နည်း။
ပြန်ပြုပြင်လို့ ရနိုင်မည့်အရာတွေမှမဟုတ်တာ။🛫🛬🛫🛬🛫🛬🛬🛬🛫🛬🛫🛬🛫🛬🛫🛬🛫🛬🛫
✈️အပြည်ပြည်ဆိုင်ရာ လေဆိပ်🛩
မင်ဆော့ ငါပြန်ရောက်ပီ။
ငါပြန်ရောက်ချိန်မှာ ငါအတွေ့ချင်ဆုံး
မင်းကို အရင်မတွေ့ရပေမဲ့
မင်းပို့ထားတဲ့ msg တွေကိုဖတ်ရင်း
ငါကျေနပ်လိုက်ပါ့မယ်လေ။"ဦးလေး ဒီကိုပို့ပေးပါနော်"
Taxi ငှားပီးသာ အိမ်ပြန်လိုက်တော့တယ်။
ကျနော်ပြန်ရောက်တော့မယ်ဆိုတာကို
သူ့ကို ကြိုမသိစေချင်ဘူး။
Hk....ဒါမှမဟုတ် သူတောင် သတိတရရှိနေပါ့မလားပဲ။လက်ထဲက ကိုင်ထားတဲ့ phအဟောင်းကို
ကျနော်ကိုင်ထားရင်း ရင်ခုန်နေမိတယ်။
သူနဲ့ပတ်သက်သမျှ အရာတိုင်းက
ကျနော့်အတွက် အခုချိန်ထိ ရင်ခုန်စရာတွေနဲ့
ပြည့်နှက်နေဆဲပါ။ဟူး.........
"အကောင်စုတ်ကြီး ငါ့ကိုမင်းပြန်ချော့ဘူးနော်၊
ရတယ် ရတယ် ဘယ်သူ ပိုစိတ်ကောင်နိုင်မလဲပြိုင်မယ်"ကျနော် ရယ်မိသည်။
အချိန်နဲ့ရက်စွဲကို ကြည့်မိတော့ ကျနော်နိုင်ငံခြားကို
ထွက်သွားတဲ့နေပဲ။ သူမသိသေးဘူးထင်တယ်။