...... / MY /......

330 53 11
                                    

အဝေးကနေ မင်းအကြောင်းတွေတွေးနေတယ်။
မင်းအပြုံးတွေကို အဝေးကနေ လှမ်းမြင်နေရတယ်။
ငါလေ စဉ်းစားတယ် ....
ရပ်တန့်ဖို့ အကြောင်းကို
အဝေးကနေ လွမ်းနေရတဲ့ မင်းကို
မပိုင်ဆိုင်နိုင်မှန်း သိတဲ့ မင်းကို။

🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯

"မင်ဆော့ရေ မင်ဆော့ "

"............."

"မင်ဆော့ ....သားလေးရေ၊"

"ခေါ်မနေနဲ့ဟေ့ မင့်သား အစောနက အပြင်ထွက်သွားတာ
ငါတွေ့လိုက်တယ် ။ထုံးစံအတိုင်းဘဲ နေမှာပေါ့ကွာ"

"ကျမက ဒီနေ့အပြင်မသွားဘူးထင်နေတာ။
သား နေသိပ်မကောင်းချင်ဘူး"

"ငါလဲ စိတ်ညစ်ပါတယ်ကွာ၊
ဒီလောက်ဆိုရင် ငါ့သားလေးအပြစ်တွေကုန်သင့်နေပါဘီ။
သူဒီလိုကြီး အမြဲ ကိုယ့်ကိုယ်ကို အပစ်မတင်သင့်တော့ပါဘူး"

"ကျုပ်တော့ သားလေးကို အရမ်းသနားလှဘီ"

"တကယ်တော့ ကလေးတွေမှာ အပစ်မှ
မရှိကြတာကွာ၊ ကံကြမ္မာကြောင့်သာ၊
အေးပေါ့ကွာ သူတို့ကံကြမ္မာတွေကိုသာ
အပြစ်တင်ရမှာပဲလေ"

*******************************************************

ဒီနေရာလေးလေ သူနဲ့ကျနော်အတူဆော့ခဲ့ကြတာ။
ဒီဒန်းလေးကို ကျနော်စီးချင်တယ် ဆိုတိုင်း
သူကိုယ်တိုင်လွှဲပေးခဲ့တာ။

အခုတော့ သူကျနော့်ကို ထားခဲ့တယ်။
ကျနော်က သူထားရစ်ခဲ့အောင် ကျနော်ကိုယ်တိုင်
လုပ်ခဲ့တာ။

တကယ်တမ်းသူထွက်သွားတော့
အရူးတစ်ယောက်လို သူ့ပြန်လာမဲ့နေ့တွေကို
ဒီနေရာလေးကနေစောင့်နေမိတယ်။

သူကျနော့်ကိုခွင့်လွှတ်မှာပါနော်။
ဟင့်အင်း သူခွင့်မလွှတ်မချင်း ကျနော်ကတော့
သူဆီက ခွင့်လွှတ်မှုတွေကို တောင်းဆိုနေဦးမှာ။

ညနေ နေဝင်ဆည်းဆာလေးရယ်
မျက်ရည်တွေကျရင်း အတွေးတွေ ပြန်နေတဲ့
ကောင်လေးရယ် ........။
သူ့ဟာနဲ့သူတော့ ညနေခင်လေးကလှလို့ ဒါပေမဲ့
အထီးကျန်ဆန်နေသလားရယ်လို့......။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You Are My Mind Body And Soul MateWhere stories live. Discover now