ဘာကိုမှရွေးချယ်လို့မရတဲ့အခြေအနေမျိုးကို
ခင်ဗျားကြုံဖူးလား
ဘဝကရှေ့ပဲတိုးတိုး
နောက်ပဲဆုတ်ဆုတ်အမှောင်ထုကိုတွေ့နေရတာမျိုးပဲသိပ်နာကျင်ရတဲ့အခါဘာကဗျာမှမရေးနိုင်သလို
ဘာစကားလုံးမှလည်းရင်ထဲကထွက်ကျမလာပါဘူး
မျက်စိဖွင့်လိုက်တိုင်းမျက်ရည်ကျရတဲ့အခါ
မျက်လုံးတွေမှိတ်ထားမိတယ်
သိပ်တော့အလုပ်မဖြစ်ဘူး
ဘာမှမမြင်ရတာတောင်ခင်ဗျားတယောက်ကိုတော့
မြင်ဖြစ်အောင်မြင်နေလို့လေကိုယ်တော့
ချစ်ရက်နဲ့ဝေးကြတာမဟုတ်ဘူးလို့တွေးရင်း
စိတ်ကိုဖြေနေရတယ်
တဖတ်သတ်ချစ်ရတယ်ပဲဆိုဆို
ဒီဝေးကွာမှုမှာခင်ဗျားအဆင်ပြေရင်ပြီးတာပဲဆိုတဲ့စိတ်နဲ့
ဒဏ်ရာတွေကိုမြိုချနေရတယ်ကျောက်ဖြစ်နှလုံးသားမှမဟုတ်ပဲ
တခါတရံတော့လည်း......
'Phတွေသိပ်မသုံးနဲ့ကွာ'
'ဟာစာကျက်ပါဆိုဘာလို့လိုင်းသုံးပြန်တာတုန်း'
ဒီလိုစကားလေးတွေအသေအလဲလိုအပ်နေပါတယ်
စကားမစပ်သူမကိုရောဒီစကားတွေ
မကြာမကြာပြောဖြစ်ရဲ့လားစကားတခွန်းစီကအစမှတ်မိနေတာကျိန်စာသင့်ခြင်းတစ်မျိုးပဲ
ကျနော်တို့မတွေ့ခဲ့ကြရင်ကောင်းမှာပဲလို့မတွေးမိခဲ့ရိုးအမှန်ပါ
မချစ်သင့်တော့မှန်းသိတဲ့အခါ
မချစ်ချင်ယောင်ဆောင်လိုက်ရတဲ့အချိန်တွေအတွက်
ခင်ဗျားကိုကျေးဇူးတင်ပါတယ်ဒီကဗျာကိုရှည်အောင်ရေးမယ်လို့တွေးနေဆဲမှာပဲ
'အာ.....ဘာလို့အရှည်ကြီးရေးတာလဲ'ဆိုတဲ့စကားက
နှလုံးသားကိုလာရိုက်ခတ်တယ်
ကဗျာကိုရှည်အောင်ပဲရေးရေး
အတိုပဲရေးရေး
ခင်ဗျားဖတ်ကြည့်မှာမဟုတ်မှန်းကျနော်သိပါတယ်
ဒါပေမယ့်လည်းဒီကဗျာကိုတိုအောင်ပဲရေးလိုက်တယ်
နာခံတတ်သူအတွက်တော့စကားသံတိုင်းဟာအမိန့်ပါပဲမီးစိမ်းလေးကိုမြင်ပေမယ့်
နှုတ်ဆက်ခွင့်မရတဲ့အခိုက်အတန့်တွေဆိုတာ
တကယ်ရှိတယ်
ကိုယ့်ဘာသာကြိုးပြတ်အောင်ဖြတ်ချလိုက်တဲ့စွန်ဟာ
ကျနော်ပါစာဖတ်ပျင်းတဲ့ခင်ဗျားအတွက်တိုအောင်ရေးထားတယ်
ဒီကဗျာခင်ဗျားဖတ်ကြည့်ပေးမယ်မလားဟင်.....😅

BẠN ĐANG ĐỌC
တောင်းဆု
Thơ caသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။