||ဒဏ်ရာတွေကိုချစ်တယ်||
ရောက်ရာအရပ်မှာ
အကြိမ်ကြိမ်ပျက်ကျနာကျင်နေရသူမို့
ဒဏ်ရာတွေကိုချစ်တယ်
ချစ်ခြင်းမေတ္တာအကြောင်းမေးလာခဲ့ရင်
ပြစရာဒဏ်ရာတွေပဲရှိမယ်
ချစ်မိလို့ရတဲ့ဒဏ်ရာ
ယုံကြည်မိလို့ရတဲ့ဒဏ်ရာ
သစ္စာဖောက်ခံရတဲ့ဒဏ်ရာ
တယောက်ထွက်ခွာသွားရင်
နောက်တယောက်ကိုယ့်ဘဝထဲကိုဝင်လာလိမ့်မယ်
အင်း....နောက်တော့လည်းထုံးစံအတိုင်း
ရင်ဝကိုခြေစုံကန်ပြီးထွက်သွားကြလိမ့်မယ်
ထွက်ခွာမှုကင်းတဲ့ဒဏ်ရာတွေကိုပဲမြတ်နိုးမိရဲ့
အဆင်မပြေရင်ငိုဖြစ်တယ်ဆိုပေမယ့်
ဘယ်သူ့ကိုမှရင်မဖွင့်ဖြစ်တာကြာပါပြီ
ဒဏ်ရာနဲ့စဒဏ်ရာနဲ့ဆုံးပြီး
အနာတရဖြစ်ကာတယောက်တည်းကျန်ရစ်ဖြစ်ခဲ့တဲ့
ဇာတ်လမ်းမျိုးကိုဘယ်သူကများသဘောကျမှာတဲ့လဲ
ခံစားချက်မဲ့ချင်ယောင်ဆောင်ရတာမလွယ်ဘူးပေါ့
ဖုန်းနံပါတ်တခုကိုဆက်ဖို့ကြိုးစားမိတဲ့
လက်တွေကိုပြန်ရှုတ်သိမ်းရတာမလွယ်ဘူးပေါ့
ဘဝကကိုယ့်အချစ်နဲ့ကိုယ်ပြန်အဆိပ်သင့်နေတာပဲ
ဘာဖြစ်လဲ
ဒဏ်ရာတွေနဲ့မှဘဝကနေပျော်တာလို့
ကိုယ်တော့ညာမယ်
ငိုချင်တဲ့အချိန်ငိုခွင့်ရတဲ့အတွက်
စောက်ရမ်းနာကျင်နေသယောင်ဖီးလ်ခွင့်ရတဲ့အတွက်
ကိုယ်တော့ဒဏ်ရာတွေကိုသဘောကျတယ်
ဘယ်ရင်ခွင်ကများကိုယ့်လောက်နွေးမှာတဲ့လဲ
မင်းကအေးတာပဲကြိုက်တာသိရက်
ဒီလိုပဲမေးတယ်
ဒီဒဏ်ရာတွေကနာကျင်တာထက်ပိုပါတယ်
နာကျင်ရတာကိုပဲသဘောကျလို့
ဒဏ်ရာတွေကိုချစ်တယ်
အထူးသဖြင့်မင်းပေးတဲ့ဒဏ်ရာတွေကိုပိုချစ်တယ်
ESTÁS LEYENDO
တောင်းဆု
Poesíaသတိ! ခြွေသမျှတောင်းဆုတို့သည် မပြည့်မြောက်သောအခါဝယ် နှလုံးသားကိုကြွေကျစေတတ်၏။
